ရေကြည် ဇန်နဝါရီ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် ရင်းရှည်ကျေးရွာအုပ်စု သပြေတန်းကျေးရွာ၌ ယမန်နေ့ ည ၉ နာရီ ၃၀ အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒေါ်ဝိုင်းကြွေသည် နေအိမ်ဘုရားခန်းတွင် ဖယောင်းတိုင်ဖြင့် ဘုရားမီးပူဇော်ခဲ့ပြီး ကျေးရွာ အတွင်းရှိ ဦးပြုံးချို၏ နေအိမ်သို့ အလည်သွားရောက်ခဲ့ရာ အဆိုပါဖယောင်းတိုင်မှ တစ်ဆင့် နေအိမ်အား မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ အဆိုပါ မီးလောင်ရာသို့ ရေကြည်မြို့နယ် မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးစိုးနိုင်ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ်ဖြင့် သွားရောက် မီးငြှိမ်းသတ်ခဲ့ရာ ည ၉ နာရီ ၄၅ မိနစ်အချိန်တွင် မီးငြိမ်းခဲ့သည်။
မီးလောင်မှုကြောင့် ဒေါ်ဝိုင်းကြွေ၏ ဓနိမိုး၊ ထရံကာ ဝါးကြမ်းခင်း နေအိမ်(၁)လုံး၊ ဦးခင်မောင်ဝင်း၏ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ်(၁)လုံး၊ ဦးအောင်စိုးနိုင်၏ ဓနိမိုး၊ ထရံကာ၊ ဝါးကြမ်းခင်း နေအိမ်(၁) လုံး၊ ဦးတင်လှိုင်၏ ဓနိမိုး၊ ထရံကာ၊ ဝါးကြမ်းခင်း နေအိမ်(၁) လုံး၊ စုစုပေါင်းနေအိမ်(၄)လုံးပျက်စီးဆုံးရှုံး ခဲ့ကြောင်း သိရသည်။
အောင်သူဟန် (ပြန်/ဆက်)