Skip to main content

ကျိုက်မ​ရောတွင်​ နေအိမ်တစ်လုံး မီး​လောင်မှုဖြစ်ပွား

ကျိုက်မ​ရော ဇန်နဝါရီ ၃၁

မွန်ပြည်နယ် ကျိုက်မ​ရောမြို့နယ် ​အောင်သုခရပ်ကွက်တွင် ယ​နေ့နံနက် ၃နာရီက လူ​နေအိမ်တစ်လုံး မီး​လောင်မှုဖြစ်ပွား​ကြောင်း သတင်းအရ ကျိုက်မ​ရောမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးငြိမ်းသတ်ယာဉ် (၂)စီး မီးသတ်တပ်ဖွဲ့ဝင် (၁၂)ဦး အရန် (၁၀)ဦးတို့ဖြင့် အချိန်မီသွား​​​ရောက် ငြှိမ်းသတ်နိုင်ခဲ့ရာ နံနက် ၃ နာရီ ၄၅ မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၄ နာရီတွင် မီးငြိမ်းခဲ့​ကြောင်း သိရသည်။

မီး​လောင်မှုဖြစ်စဉ်မှာ အိမ်ပိုင်ရှင် ​ဒေါ်ခတီရှာ ၏ နေအိမ်တွင် လူ​နေထိုင်ခြင်းမရှိ​ကြောင်းနှင့် မီး​လောင်မှု အ​ကြောင်းအရင်းအား မီးသတ်ဦးစီးဌာနမှ စုံစမ်းလျက်ရှိကြောင်း မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးဝင်းတင်ထံမှ သိရသည်။

ချိုမြတ်မြတ်​ထွေး(ကျိုက်မ​​ရော)