ထီးလင်း ဇန်နဝါရီ ၃၁
ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ကျင်းဘိနယ်၌ ယမန်နေ့ နံနက် ၃ နာရီခန့်တွင် တရားမဝင် ပိတောက်သစ်ခွဲသားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ထီးလင်းမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်သစ်တောဉီးစီးဌာနမှ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ထီးလင်း-ကျင်း-ပေါက် ကားလမ်း၊ ကျင်းကျေးရွာ အဝင် နေရာ၌ Canter အမျိုးအစား၊ အပြာရောင် (၆)ဘီးယာဉ် (နံပါတ်မပါ) ပေါ်မှ ယာဉ်ပေါ်ပါ တရားခံ(၂)ဦးနှင့်အတူ တရားမဝင် ပိတောက်သစ်ခွဲသား (၃၄)ချောင်း၊ (၂ ဒဿမ ၆၆၈၈)တန်ကို ဖမ်းဆီးရမိခဲ့ကြသည်။
အဆိုပါ ဖမ်းဆီးရမိ တရားခံ(၂)ဦး နှင့်အတူ တရားမဝင် ပိတောက်သစ်ခွဲသားများအား မြို့နယ် သစ်တောဦးစီးဌာနက (ကျင်း)နယ်မြေရဲစခန်း၌ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်စည်(ပြန်/ဆက်)