မန္တလေး ဇန်နဝါရီ ၃၁
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် ၃၃လမ်းနှင့် ၃၄လမ်းကြား၊ ၈၄လမ်းနှင့် ၈၅ လမ်းကြားတွင် ယနေ့ ညနေ(၄)နာရီခွဲခန့်က level (2) အဆင့် မီးလောင်မှုဖြစ်ပွားခဲ့သည်။
မီးလောင်ကျွမ်းရာသို့ မီးသတ်ယာဉ်များဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ညနေ (၄) နာရီ (၅၀) မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
Ref; Myanmar Fire Services Department