နေပြည်တော် ဇန်နဝါရီ ၃၁
အရာထမ်းငယ်အခြေခံသင်တန်း အမှတ်စဉ် (၁၁၀)၊ (၁၁၁)၊ (၁၁၂)နှင့် စာရေးဝန်ထမ်း အခြေခံသင်တန်း အမှတ်စဉ်(၁၉၁)၊ (၁၉၂)၊ (၁၉၃)၊ (၁၉၄)တို့၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန် တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၊ ရတနာသိင်္ဃခန်းမ၌ကျင်းပရာ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်တင်စိုး တက်ရောက်၍ သင်တန်းဆင်း အမှာစကား ပြောကြားသည်။
ဆက်လက်၍ သင်တန်းအမျိုးအစားများအလိုက် စံပြဆုရရှိသူများကို ဆုများချီးမြှင့်ပြီး သင်တန်းဆင်း ဂုဏ်ပြုလက်မှတ်များပေးအပ်သည်။
သင်တန်းဆင်းပွဲသို့ ဒုတိယပါမောက္ခချုပ်(စီမံခန့်ခွဲရေး)၊ ဌာနကြီးမှူး/ပါမောက္ခ (ပညာဌာနမှူး)များ၊ ဌာနမှူး/ တွဲဖက်ပါမောက္ခများ၊ ကထိကများ၊ သင်တန်းမှူးများ၊ ဌာနခွဲမှူးများ၊ လက်ထောက်ကထိကများ၊ နည်းပြများ၊ ဝန်ကြီးဌာနအဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များမှ ဒုတိယဦးစီးမှူးအဆင့်ရှိ အရာထမ်းငယ် သင်တန်းသား (၂၀ဝ)ဦး၊ သင်တန်းသူ (၂၄၃)ဦးနှင့် စာရေးအဆင့် သင်တန်းသား(၂၄၇)ဦး၊ သင်တန်းသူ (၃၃၉)ဦး စုစုပေါင်း (၁၀၂၉)ဦးတက်ရောက်ခဲ့ကြောင်းနှင့် သင်တန်းကာလမှာ ရက်သတ္တ(၄)ပတ် ကြာမြင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်