နေပြည်တော် ဇန်နဝါရီ ၃၁
ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့ (၁၅)ရပ်ကွက်၊ သဒ္ဓမ္မဇောတိကာရာမပါဠိတက္ကသိုလ် တောင်ပေါ်ကျောင်း တိုက်၏ ဦးစီးပဓာနနာယက၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဓမ္မာနုဓမ္မမဟာဒွါရနိကာယ ဒုတိယ ဂဏာဓိပတိဆရာတော် ဘဒ္ဒန္တဓမ္မာလင်္ကာရ (အဂ္ဂမဟာ ပဏ္ဍိတ) မဟာထေရ်မြတ်ကြီးသည် သက်တော် (၈၂) နှစ်၊ သိက္ခာတော်(၆၂)ဝါအရ ၁၃၈၁ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက်၊ (၂၉- ၁-၂၀၂၀)၊ ဗုဒ္ဓဟူးနေ့၊ ည(၇:၃၀) နာရီအချိန်တွင် ဘဝ နတ်ထံ ပျံလွန်တော်မူကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိသည်။
သတင်းစဉ်