Skip to main content

(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ ၂၀၀ ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၃)မျိုး ရောင်းချပေးသွားမည်

နေပြည်တော်  ဇန်နဝါရီ  ၂

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ (၇၂)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ ၂၀၀/- ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၃)မျိုးအား ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ(၄)ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၁ခုနှစ်၊ ပြာသိုလဆန်း(၁၀)ရက် (စနေနေ့)၊ နံနက် ၉နာရီခွဲမှစတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေး စာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့တော်စာတိုက်ကြီးများတွင် ရောင်းချ ပေးသွားမည်ဖြစ်သည်။

အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့၌ ဇန်နဝါရီ (၄)ရက်တွင် ဝယ်ယူသောစာပို့တံဆိပ်ခေါင်းများနှင့် ပထမနေ့စာအိတ် (Firstday Cover) များပေါ်တွင် နေ့စွဲအမှတ်အသား တံဆိပ်ရိုက်နှိပ်ပေးမည် ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)