နေပြည်တော် ဇန်နဝါရီ ၃၁
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝူဟန် မြို့တွင် ဖြစ်ပွားလျက်ရှိသော 2019 Novel Coronavirus (2019-nCoV) (အဆုတ်ရောင်ရောဂါ)နှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ အခမ်း အနားကို ဇန်နဝါရီ ၂၉ ရက် မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့ ဆေးရုံကြီး (ခုတင်-၁၀၀၀) အစည်း အဝေးခန်းမဆောင်(၂)၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော် ခုတင်-၁၀၀၀ ပြည်သူ့ဆေးရုံကြီး အုပ်ချုပ်မှုဆောင်မှ တာဝန်ရှိသူများ၊ ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီး များ၊ အထူးကုဆရာဝန်များ၊ ပထမလက်ထောက် ဆရာဝန်များ၊ လက်ထောက်ဆရာဝန်များ၊ အလုပ် သင် ဆရာဝန်များ၊ သူနာပြုများ၊ ကျွမ်းကျင်ဝန်ထမ်းများ၊ ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ကျွမ်းကျင်သူ ဒေါက်တာပပ၊ ဒုတိယဆေးရုံအုပ်ကြီး ဒေါက်တာ အောင်လင်းအေး(ဆေးရုံ အုပ်ကြီး-ပူးတွဲတာဝန်)၊ ပါမောက္ခ ဒေါက်တာ တင့်တင့်ကြည်(ဆေး ပညာ)၊ ပါမောက္ခ ဒေါက်တာ ကျော်ကျော်ဦး(ဆေးပညာ)၊ အထူးကု ဆရာဝန်ကြီး ဒေါက်တာခိုင်ဝင်းထွန်း (အဏုဇီဝ) တို့က 2019 Novel Coronavirus အကြောင်းနှင့် ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနမှ ကာကွယ်နှိမ်နင်းရေး လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ၊ ရောဂါ ကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ ကာကွယ်နိုင် မည့် နည်းလမ်းများ၊ နေပြည်တော် ခုတင်-၁၀၀၀ ပြည်သူ့ဆေးရုံကြီးတွင် လူနာများရောက်ရှိလာပါက ကုသပေး မည့် အစီအစဉ်များ၊ လူနာများအား သီးခြား လူနာခန်းတွင် ထားရှိနိုင်ရန် ပြင်ဆင်ထားရှိမှုအခြေအနေများနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် ကျန်းမာ ရေးပညာပေး သတင်းအချက်အလက် များ၊ Video ဖိုင်များကို Scan ဖတ်၍ Website သို့ ဝင်ရောက်ကြည့်ရှုနိုင် မည့် QR Code များကို လူနာဆောင် အသီးသီးတွင် ထားရှိရန် ဆောင်ရွက် ထားရှိမှုများကို Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ ကြသည်။
ထို့နောက် အထူးကုဆရာဝန်ကြီး ဒေါက်တာခိုင်ဝင်းထွန်း(အဏုဇီဝ)က ဓာတ်ခွဲကျွမ်းကျင် ဝန်ထမ်းများအား (Personal Protective Equipment)ဝတ်ဆင်နည်း၊ ချွတ်နည်းများအား အသေးစိတ် သင်ကြားပေးပြီး တက်ရောက်လာသူများက သိလို သည်များကို မေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြားခြင်းများ ပြုလုပ် ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်