မြစ်ကြီးနား ဖေဖော်ဝါရီ ၁
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် နေပြည်တော်၌ ကျင်းပမည့် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ သွားရောက်ပါဝင်ဆင်နွှဲကြမည့် တိုင်းရင်းသားရိုးရာအကအဖွဲ့များအား ဇန်နဝါရီ ၃၁ ရက် ညနေပိုင်းတွင် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ သွားရောက်တွေ့ဆုံအားပေးခဲ့သည်။
အဆိုပါ အဖွဲ့တွင် ပြည်နယ်ယဉ်ကျေးမှုနှင့်ပြတိုက်ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးကျော်ဝင်းနှင့် အုပ်ချုပ်သူများအပါဝင် ကချင်တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့နှင့် ဇိုင်းဝါးရိုးရာယဉ်ကျေးမှုအဖွဲ့ စုစုပေါင်း ၆၂ ဦးတို့သည် ဖေဖော်ဝါရီ ၂ ရက်တွင် နေပြည်တော်သို့ သွားရောက်ကြမည်ဖြစ်ရာ ပြည်နယ်ဝန်ကြီးချုပ်က စည်းလုံးညီညွတ်စွာနေထိုင်သွားရန်နှင့် ကျန်းမာရေးအထူးဂရုစိုက်ကြရန် အားပေးမှာကြားသည်။
ယင်းနောက်တိုင်းရင်းသားရိုးရာအကအဖွဲ့များက နေပြည်တော်တွင် ပြုလုပ်မည့် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ညစာစားပွဲတွင် ဖျော်ဖြေတင်ဆက်မည့်ပုံစံအတိုင်း ကပြဖျော်ဖြေခဲ့ကြသည်။
ပြည်နယ်(ပြန်/ဆက်)