Skip to main content

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် ၆၆/၃၃ ကေဗွီ(၃၀) အမ်ဗွီအေ တောင်သာဓာတ်အားခွဲရုံဖွင့်ပွဲအခမ်းအနားတက်ရောက်ဖွင့်လှစ်

တောင်သာ ဇန်နဝါရီ ၁၉

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဋ္ဌာန၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း  ၆၆ ကေဗွီ  မြင်းခြံ-တောင်သာ  ဓာတ်အားလိုင်း (၁၄)မိုင်နှင့်  ၆၆/၃၃  ကေဗွီ(၃၀)အမ်ဗွီအေ  တောင်သာဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားကို  ဇန်နဝါရီ(၁၉)ရက်၊ နံနက်(၉)နာရီအချိန်က တောင်သာဓာတ်အားခွဲရုံဆိုင်းဘုတ်ရှေ့၌ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ လျှပ်စစ်စွမ်းအင်နှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးအောင်မျိုးလတ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝိုင်းချစ်အောင်၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ခေတ္တဥက္ကဋ္ဌ ဦးတင်အောင်နှင့်မန္တလေးတိုင်းဒေသကြီး စက်မှုစွမ်းအင်နှင့်လျှပ်စစ်ရေးရာကော်မတီဥက္ကဋ္ဌ ဦးလှိုင်ဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ဆက်လက်၍  မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့  ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က  ဓာတ်အားခွဲရုံဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ခဲ့ပြီး နံသာရေပက်ဖျန်းပေးခဲ့သည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က အမှာစကားပြောကြားပြီး မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ခေတ္တဥက္ကဋ္ဌ ဦးတင်အောင်က တောင်သာဒေသ  ဓာတ်အားစနစ်ပိုမိုကောင်းမွန်ရေးအတွက်  ဆောင်ရွက်ခဲ့မှုအခြေအနေများကိုရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက် တောင်သာဒေသမှ ဒေသခံပြည်သူ ဦးမြတင်က ဒေသခံများကိုယ်စား ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်းသိရသည်။

ကျော်မျိုးနိုင်(တောင်သာ)