Skip to main content

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်တောင်တွင် တောမီးလောင်မှုဖြစ်ပွား

ဘားအံ ဖေဖေါ်ဝါရီ ၁

 

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ တော်ပုံကျေးရွာအုပ်စု၊ တော်ပုံကျေးရွာရှိ ဇွဲကပင်တောင် အငူတွင် ယနေ့ ည ၇ နာရီခန့်က တောမီးများလောင်ကျွမ်းနေခဲ့ရာ တောင်ကမ်းပါးယံသို့ ကူးစက်လောင်ကျွမ်းနေကြောင်း သိရသည်။

 

အဆိုပါ တောမီးလောင်ကျွမ်းမှုအား ဘားအံမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မီးသတ်ယာဉ် (၃) စီး၊ အုပ်ချုပ်မှုယာဉ် (၁) စီး၊ တော်ပုံကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသူ/သားများ၊ ရဲတပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်နိုင်ရေး စီစဉ်လျက်ရှိကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)