Skip to main content

ဘားအံမြို့တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်စက်ပြင်သင်တန်းဆင်းပွဲကျင်းပ

ဘားအံ ဖေဖော်ဝါရီ ၄

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ ဘားအံခရိုင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်စက်ပြင်သင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွှဲ ၂ နာရီက ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး ခန်းမ၌ ကျင်းပသည်။

ရှေ့ဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦးက သင်တန်းဆင်း အမှာစကားပြောကြားပြီး စီမံကိန်း၊ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်က သင်တန်း ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ကာ ကရင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းဇော်ချစ်က သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူးဦးသန်းဦးက သင်တန်းဆရာအား လက်ဆောင်ပစ္စည်းများပေးအပ်ပြီး ဆိုင်ကယ်စက်ပြင်သင်တန်းမှ သင်တန်းသားများကိုယ်စား သင်တန်းသား တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

အဆိုပါ ဆိုင်ကယ်စက်ပြင်သင်တန်းကို ကရင်ပြည်နယ်တွင်း ဘားအံမြို့နယ်ရှိ ကျေးရွာ(၆)ရွာ၊ လှိုင်းဘွဲမြို့နယ်ရှိ ကျေးရွာ(၄)ရွာနှင့် သံတောင်ကြီးမြို့နယ်ရှိ ကျေးရွာ(၅)ရွာ စုစုပေါင်းကျေးရွာ(၁၅)ရွာမှ သင်တန်းသား(၂၀)ဦး တက်ရောက်ခဲ့ပြီး လုပ်ငန်းအတွေ့အကြုံရှိသည့် သင်တန်းဆရာဖြင့် ဇန်နဝါရီလ ၁ ရက်နေ့မှ ဖေဖေါ်ဝါရီလ ၂ ရက်နေ့ထိ ရက်သတ္တပတ် (၄)ပတ်ကြာ ဆိုင်ကယ်စက်ပြင်သင်တန်းနှင့်ပတ်သက်သည့် သင်ခန်းစာများကို လက်တွေ့ လုပ်ငန်းခွင်ဝင်နိုင်သည်ထိ စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)