နေပြည်တော် ဖေဖော်ဝါရီ ၄
2019 Novel Coronavirus (2019-nCoV) ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါနှင့် ပတ်သက်၍ ဝန်ကြီးဌာနများ ပေါင်းစပ် ညှိနှိုင်းဆက်သွယ်ရေးကော်မတီ ညှိနှိုင်း အစည်းအဝေးအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်တွင် ယမန်နေ့နံနက် ၁၀ နာရီကကျင်းပသည်။
အစည်းအဝေးတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက ယနေ့ပြုလုပ်သည့် ဝန်ကြီးဌာနများပေါင်းစပ် ညှိနှိုင်းရေး အစည်းအဝေးသို့ တက်ရောက် လာကြတဲ့ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များကို ယခုကဲ့သို့ အချိန်ပေးလာ ရောက်သည့်အတွက် ကျေးဇူးတင်ရှိပါ ကြောင်း၊(2019-nCoV) ကြောင့်ဖြစ်ပွားသော အဆုတ်ရောင် ရောဂါနှင့်ပတ်သက်၍ ရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန်အတွက် ယခု အစည်းအဝေးဆုံးဖြတ်ချက်များကို စုစည်း၍ ဗဟိုကော်မတီသို့ ဆက်လက်တင်ပြသွား မည်ဖြစ်ပါကြောင်း၊ -ယခု Inter-ministerial Meeting အစည်းအဝေးမကျင်းပမီ ဇန်နဝါရီ၂၈ ရက်နေ့တွင် Preliminary Meeting ပြုလုပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်းသို့ ကြိုတင်ညှိနှိုင်းခဲ့သည့် အတွက် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနတို့နှင့် အလွယ်တကူ ချိတ်ဆက်ဆောင်ရွက်နိုင်ပြီး visa ကိစ္စများ၊ သံသယလူနာပါရှိသည့် လေယာဉ်ဆိုက်ရောက်ချိန်တွင် လေကြောင်းလိုင်းဆိုင်ရာကိစ္စရပ် များကို အဆင်ပြေစွာ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဖေဖော်ဝါရီ ၃ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ချက်အရ တရုတ် ပြည်သူ့သမ္မတနိုင်ငံတွင် ရောဂါဖြစ်ပွားမှု အခြေအနေမှာ မြင့်တက်လျက်ရှိပြီး သေဆုံးမှု မှာလည်း မကျသေးကြောင်းနှင့် ယခုလက်ရှိတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြင်ပ အခြားနိုင်ငံ (၂၃) နိုင်ငံတွင်လည်း ဓါတ်ခွဲအတည်ပြုလူနာများ ရှိနေပါကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်း၊ နယ်စပ်ဝင်/ထွက်ပေါက်ဂိတ်များတွင် Active case surveillance များ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ၃၁ရက် နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ China southern airline ဖြင့် လိုက်ပါလာသူ တရုတ်နိုင်ငံသား (၁) ဦးအား သံသယလူနာ အနေဖြင့် သတ်မှတ်ခဲ့ပြီး လိုအပ်သည့် စစ်ဆေးကုသမှုခံယူရန် ဝေဘာဂီဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး စစ်ဆေးကုသမှုများပြုလုပ် ထားကြောင်း၊ -ဝူဟန်မြို့၌ ပိတ်မိနေသော မြန်မာပညာသင် (၆၃) ဦးအနက် (၅၉) ဦးကိုလည်း ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ဝူဟန်မြို့မှ မန္တလေးမြို့သို့ အထူးလေယာဉ်ဖြင့် အောင်မြင်စွာ ပြန်လည်ခေါ်ဆောင်ခဲ့သောကိစ္စတွင် ဝန်ကြီးဌာနအသီးသီး၊ အဖွဲ့အစည်းအသီးသီးတို့မှ သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ လိုအပ်သည့် ကူညီပံ့ပိုးမှု အစီအမံများကို ဆောင်ရွက် ပေးခဲ့သည့် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် မြို့တော်ဝန်တို့အား ကျေးဇူးအထူးတင် ရှိပါကြောင်း၊ လေဆိပ်တွင် Thermal Scanner ဖြင့်စမ်းသပ်စစ်ဆေးသော်လည်း ရောဂါလက္ခဏာ မပြသေးသူအချို့မှာ လွတ်သွားနိုင်သည့်အတွက် ၎င်းခရီးသည်များ တည်းခိုနေထိုင်မည့် နေရပ်ဒေသနှင့် ဟိုတယ်လိပ်စာများသိရှိနိုင်ရေးသည် အရေးကြီးသည့်အတွက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ မိမိတို့ကိုကူညီပံ့ပိုးပေး စေလိုကြောင်း၊ ဆိုက်ရောက်လာသော လေယာဉ်ပေါ်မ ခရီးသည်များ မဆင်းခင်ကပင် တာဝန်ကျ ကျန်းမာ ရေးဝန်ထမ်းများက Health Declaration Card များကို စစ်ဆေးခြင်းနှင့် ကျန်းမာရေး အခြေအနေ စစ်ဆေးခြင်းတို့ကို လုပ်ဆောင်နိုင်ရန်အတွက် လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ပူးပေါင်း ပါဝင်ပေးစေလိုကြောင်း၊ ကူးစက်မြန်ရောဂါ၊ တိုင်ကြားရမည့် ကူးစက်ရောဂါ အဖြစ် အမိန့်စာ ထုတ်ပြန်ခွင့်ဥပဒေ နှင့်ပတ်သက်၍လည်း ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ မှတ်ချက်အားရယူပြီး ဗဟိုကော်မတီသို့ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း၊ လူမှုကွန်ယက်စာမျက်နှာများတွင် ကောလဟလသတင်းများ ဖြန့်ဝေနေမှုအား ခြေဖျက် နိုင်ရန်အတွက် ယခုအခါ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာ (www.mohs.gov.mm) မှ Case by case သတင်းပြန်ကြားခြင်းများကိုလည်း အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နေပါကြောင်း၊ ပြန်ကြားရေး ဝန်ကြီးဌာန အနေဖြင့်လည်း သတင်းနှင့်ရုပ်မြင်သံကြားအစီအစဉ်တို့တွင် ယခုထက်ပိုမို၍ သတင်း ထုတ်ပြန်ပေးနိုင်ပါရန်နှင့် သတင်းစာတွင်ထည့်ပါက (၁) ရက် နောက်ကျမည်ဖြစ်သဖြင့် အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်နိုင်ရန် MOI Website တွင် ထုတ်ပြန်ပေးနိုင်ရန်အတွက် ကူညီစေလိုကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့်လည်း လေဆိပ်များ တွင် ဝန်ထမ်းများအား Mask တပ်ဆင်ခိုင်းခြင်း၊ လက်သန့်စင်ဆေးရည် (Hand Sanitizer) များ ဖြန့်ဝေထားခြင်းနှင့် လူဝင်မှုကြီးကြပ်ရေး ကောင်တာများတွင်လည်း မှန်ကာများ တပ်ဆင်ပေးထား သည်ကိုလည်း တွေ့ရှိရပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများကို Visa on arrival ထုတ်ပေးမှု ယာယီရပ်ဆိုင်းထားပြီးဖြစ်သလို Tour online E-visa ကိစ္စကို ယနေ့ ကျင်းပမည့် ဗဟိုကော်မတီအစည်းအဝေးတွင် ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊ ဘန်ကောက်နှင့် စင်္ကာပူလေကြောင်းလိုင်းများနှင့်လိုက်ပါလာသော တရုတ်ပြည်သူ့ သမ္မတနိုင်ငံသားများအနေဖြင့်လည်း သက်ဆိုင်ရာနိုင်ငံများ၏ သံရုံးများမှ ဗီဇာယူလာရန် လိုအပ်မည်ဖြစ်ကြောင်း၊ မြန်မာ-တရုတ် နယ်စပ်ဝင်/ ထွက်ဂိတ်များဖြစ်သည့် ကန်ပိုက်တီ၊ လွယ်ဂျယ်၊ မူဆယ် ဂိတ်များတွင် ပြည်နယ်ဝန်ကြီးချုပ်မှ ဦးဆောင်၍ ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို နေ့စဉ် ဝင်/ ထွက် သွားလာနေသူများကို အထူးကြပ်မတ်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ စောင့်ကြည့်လူနာများ၏ ဓါတ်ခွဲနမူနာများကို အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) နှင့်ထိုင်းနိုင်ငံဠရှ ရည်ညွှန်း ဓါတ်ခွဲခန်းများသို့ ပို့ဆောင်နိုင်ရေးအတွက် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ကူညီဆောင်ရွက်ပေးခဲ့သည်ကိုတွေ့ ရှိရသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ဇန်နဝါရီ၃၀ ရက်နေ့မှ စ၍ တစ်နိုင်ငံလုံးရှိ ဟိုတယ်များသို့ သံသယလူနာရှိပါက အမြန်ဆုံးသတင်းပေးပို့ရန် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာ ဟိုတယ်များကို ညွှန်ကြားထားပြီးဖြစ်သလို၊ အသိပညာပေး ဗီနိုင်းများကိုလည်း ဖြန့်ဝေ ထားသည်ကို သိရှိရပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့်လည်း ထူးခြားဖြစ်စဉ်သတင်းများကို ရရှိပါက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့စေလိုကြောင်း၊ ဗဟိုကော်မတီမှ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပေးခဲ့ကြသော သက်ဆိုင်ရာဝန်ကြီး ဌာနအသီးသီးမှ တာဝန်ရှိသူများကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း၊ ယခု ပေါင်းစပ်ညှိနှိုင်းဆက်သွယ်ရေးကော်မတီတွင် မပါရှိသေးသော ဝန်ကြီးဌာနများနှင့် လည်း ထပ်မံချိတ်ဆက်၍ တိုးချဲ့ဖွဲ့စည်းသွားမည်ဖြစ်ပါကြောင်း၊ ဗဟိုကော်မတီမှ အစည်းအဝေး ဆုံးဖြတ်ချက် ချမှတ်၍ လုပ်ဆောင်ရမည့် တာဝန်များ အား မိမိတို့ ပေါင်းစပ်ညှိနှိုင်းဆက်သွယ် ရေးကော်မတီတွင် အသေးစိတ်ဆွေးနွေးပြီး အချိန်နှင့်တစ်ပြေးညီ ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ ယခု ပေါင်းစပ်ညှိနှိုင်း ဆက်သွယ်ရေး ကော်မတီအစည်းအဝေးကို (၁) ပတ်လျှင်တစ်ကြိမ် ပြုလုပ်သွားမည်ဖြစ်ပါကြောင်း အမှာစကားပြောကြားခဲ့သည်။
ယင်းနောက် ဌာနဆိုင်ရာအသီးသီးမှ မိမိတို့ဝန်ကြီးဌာနနှင့်စပ်လျဉ်း၍ လိုအပ်ချက်များ၊ ဆက်လက် လုပ်ဆောင်ရမည့်အရာများနှင့် ပေါင်းစပ်ညှိနှိုင်းရမည့် အချက်များအား ဗဟိုကော်မတီသို့ တင်ပြနိုင်ရေး အတွက် အသေးစိတ်ဆွေးခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ ပညာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာန တို့မှ အဆင့်မြင့်အရာရှိကြီးများ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူ စုစုပေါင်း (၁၈) ဦးခန့် တက်ရောက်၍ အစည်းအဝေးကို မွန်းတည့် ၁၂ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
Ref: MINISTRY OF HEALTH AND SPORTS