Skip to main content

မြန်မာ-ဗြိတိန်နှစ်နိုင်ငံအကြား ကုန်သွယ်မှု တိုးမြှင့်ရေးဆွေးနွေး

နေပြည်တော် ဖေဖော်ဝါရီ ၄

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးသည် ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ်၏ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဘရူနိုင်းနိုင်ငံဆိုင်ရာ ကုန်သွယ်ရေး ကိုယ်စားလှယ် Mr. Paul Scully MP၊ မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိန်နိုင်ငံသံအမတ်ကြီး Mr. Dan Chugg နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၃ နာရီက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဧည့်ခန်းမ-၂ ၌ လက်ခံတွေ့ဆုံ သည်။

တွေ့ဆုံစဉ် မြန်မာ-ဗြိတိန်နှစ်နိုင်ငံအကြား ကုန်သွယ်မှု တိုးမြှင့်ရေး၊ မြန်မာနိုင်ငံမှ ပို့ကုန်များ ဗြိတိန်နိုင်ငံသို့ ပိုမိုတင်ပို့နိုင်ရေးကိစ္စ၊ လက်ရှိဆောင်ရွက်နေသည့် Ease of Doing Business လုပ်ငန်းစဉ်များ၊ ကုန်သွယ်မှုဥပဒေ (မူကြမ်း) ဆောင်ရွက်နေမှုနှင့် ဗြိတိန်နိုင်ငံမှ ကူညီ ဆောင်ရွက်ပေးနိုင်မည့်ကိစ္စ၊ GSP အခွင့်အရေးကြောင့် အထည်ချုပ်လုပ်ငန်းများနှင့် အထည်အလိပ် ကဏ္ဍ တိုးတက်လာသည့်အပြင် အမျိုးသမီးများ၏ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေများ တိုးတက်နေမှုတို့ အပါအဝင် နှစ်နိုင်ငံအကြား ရှေ့ဆက်ပူးပေါင်း ဆောင်ရွက်သွားနိုင်မည့် ကိစ္စရပ်များကို ဆွေးနွေးကြသည်။

သတင်းစဉ်