Skip to main content

(၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာအုပ်ပြပွဲနှင့် စာအုပ် ဈေးရောင်းပွဲ ဘားအံမြို့တွင်ပြုလုပ်

ဘားအံ နိုဝင်ဘာ ၅

 

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရည်ရွယ်ပြီး စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲဖွင့်ပွဲကို ယနေ့ နံနက် (၈) နာရီအချိန်က ဘားအံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျင်းပသည်။

ဖွင့်ပွဲတွင် ကရင်ပြည်နယ်စိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်၊ ပြည်နယ်ဉပဒေချုပ် ဦးစောချစ်မြင့်လေး၊ ပြည်နယ်စာရင်းစစ်ချုပ် ဦးစောလှထွန်းနှင့် ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်ခင်စောလင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် စာအုပ်ပြပွဲနှင့် စာအုပ်အရောင်းပြခန်းများအား တက်ရောက် လာကြသော ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် စာပေဝါသနာရှင်များက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတွင် နန်းတော်ဝင်စာပေ၊ နိုင်ဝင်းထက်စာပေ၊ ဟန်သာဆုစာပေများက စာအုပ်အရောင်းဆိုင် (၁၀) ခန်းခန့် ပါဝင်ပြီး ဖေဖော်ဝါရီလ (၅) ရက်နေ့မှ ဖေဖော်ဝါရီလ (၁၃) ရက်နေ့ထိ နံနက် ၈ နာရီခွဲမှ ညနေ ၆ နာရီအတွင်း တန်ဖိုး၏ ၁ဝ ရာခိုင်နှုန်း လျှော့ဈေးဖြင့်  ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)