Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဒုတိယတစ်လတာခရီး

ကနောင်

စစ်တီးဝိုင်းအဖွဲ့သားများ တီးခတ်လိုက်သည့် စစ်ချီသီချင်းသံက ကောင်းကင်ယံသို့ ပျံ့လွင့်လျက်ရှိသည်။ အနော်ရထာစစ်ကြောင်း၊ ကျန်စစ်သားစစ်ကြောင်း၊ ဘုရင့်နောင်စစ်ကြောင်း၊ အောင်ဇေယျစစ်ကြောင်း၊ ဆင်ဖြူရှင်စစ်ကြောင်း၊ ဗန္ဓုလစစ်ကြောင်းနှင့် အောင်ဆန်းစစ်ကြောင်းကြီးများက စစ်ရေးပြကွင်းအတွင်းသို့ အစဉ်လိုက်ဝင်ရောက်နေရာယူကြသည်။ အစဉ်အလာကြီးမားသည့် တပ်မတော်အတွက် သမိုင်းဝင် အထိမ်းအမှတ် (၇၆) နှစ်မြောက် တပ်မတော်နေ့အခမ်းအနားမြင်ကွင်းမှာ ပြည်သူတစ်ဦးအနေဖြင့် မမေ့ပျောက်နိုင်မည့် ဂုဏ်ယူဖွယ်ရာ မြင်ကွင်းတစ်ရပ်ပင် ဖြစ်ပါသည်။

နိုင်ငံတော်အတွက် အသက်ကို အပ်နှင်းထားသည့် တပ်မတော်ကြီးကို ကိုယ်စားပြုထားသည့် ကြည်း၊ ရေ၊ လေ စစ်ကြောင်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိစစ်သည်များ၊ ရေတပ်အထူးစစ် ဆင်ရေးတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးအထူး တပ်ဖွဲ့ဝင်များ၊ ကြည်း၊ ရေ၊ လေ ယန္တရား တပ်ဖွဲ့၊ လေယာဉ်၊ ရဟတ်ယာဉ်တပ်ဖွဲ့ တို့သည် တပ်မတော် စတင်ဖွဲ့စည်းခဲ့ သည့် လွတ်လပ်ရေးကြိုးပမ်းမှုကာလမှ ငွေရတု၊ ရွှေရတု၊ စိန်ရတုကာလ အဆက် ဆက် ဖြတ်သန်းခဲ့ရသည့် အတိတ်၊ ပစ္စုပ္ပန်တို့ကို ထင်ဟပ်စေလျက် စစ်ရေး ပြကွင်းအတွင်း မြင်တွေ့ရသည်မှာ အလွန်ပင် ကျက်သရေ ရှိလှပေစွ။

ခမ်းနားကြီးကျယ်လှပေ။ မြန်မာ့ တပ်မတော်...။ ဤလူတို့သည် မြန်မာ နိုင်ငံတော်ကြီးအတွက်၊ တိုင်းရင်းသား လူမျိုးများအားလုံးအတွက် အသက်စွန့် ၍ ကာကွယ်ပေးတတ်ကြသော တပ်မတော်သားများ ပါပေတကားဟု ဝံ့ကြွားသည့် စိတ်ဓာတ်များပေါ်ပေါက် လာစေပါသည်။

နှစ်လတာပြည့်မြောက်

ယခုနှစ် မတ်လသည် မြန်မာ့ တပ်မတော်၏ အထိမ်းအမှတ် တပ်မတော်နေ့အခမ်းအနားကို ကျင်းပ သည့်လဖြစ်သကဲ့သို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ တာဝန်ယူခဲ့သည့် နှစ်လတာပြည့်မြောက်သည့် ကာလ လည်းဖြစ်ပါသည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော် ၏တာဝန်အရပ်ရပ်ကို ရှေ့လုပ်ငန်းစဉ် ငါးရပ်၊ ဦးတည်ချက် ကိုးရပ်တို့ဖြင့် မမှိတ်မသုန် ဆောင်ရွက်လျက်ရှိပါသည်။ များပြားလှသည့် နိုင်ငံတော်၏ အရေး ကိစ္စများကို ဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို ဦးထိပ် ပန်ဆင်၍ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားကို ဆောင်ကြဉ်းပေးနိုင် ရန်နှင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းပြီး ရည်မှန်းချက်များ၊ ဦးတည်ချက်များကို အထိရောက်ဆုံး အကောင်အထည်ဖော် နိုင်ရန်ကြိုးပမ်းဆောင်ရွက်နေသည်ကို မတ်လ အတွင်း ဆောင်ရွက်ချက်များကိုကြည့်၍ သိရှိရမည်ဖြစ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ မတ်လ၏ နေ့စွဲများ

နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ မတ်လ ၁ ရက်နေ့တွင် ကျင်းပသည့် (၄/၂၀၂၁) အစည်းအဝေး တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆူပူဆန္ဒပြမှုများ ဖြစ်ပေါ်စေရန်အတွက် လူမှုကွန်ရက် စာမျက်နှာများမှတစ်ဆင့် သွေးထိုးဆောင်ရွက်နေသည်ကို တွေ့ရှိ ရကြောင်း၊ မိမိတို့အနေဖြင့် အတတ် နိုင်ဆုံး အငြိမ်းချမ်းဆုံးဖြစ်အောင် ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ဒီမိုကရေစီစနစ်တွင် ကြိုက်နှစ်သက် သည်၊ မကြိုက်နှစ်သက်သည် ရှိနိုင် ကြောင်း၊ ဒီမိုကရေစီရင့်ကျက်သည့် နိုင်ငံများတွင် စည်းကမ်းဥပဒေနှင့်အညီ တာဝန်ပေးအပ်မှုကို လက်ခံကြကြောင်း၊ ရပ်ကွက်၊ ကျေးရွာများနှင့် အနီးစပ်ဆုံး ဖြစ်သည့် မြို့နယ်အုပ်ချုပ်ရေးတာဝန် ရှိသူများသည် နိုင်ငံရေးအရောင်အသွေး ကင်းရှင်းရန် လိုအပ်ကြောင်း စသည်ဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး အတွက် ဆွေးနွေးပြောကြားခဲ့ပါသည်။

ထို့အပြင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် နိုင်ငံတော်၏ ရှေ့ဆက်ရ မည့်လုပ်ငန်းစဉ် ငါးရပ်အနက် စီးပွား ရေးကဏ္ဍတွင် ဒေသအလိုက် ကုန်ထုတ် လုပ်မှုလုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်နိုင်ရန်၊ စိုက်ပျိုးရေးကဏ္ဍ မြင့်မားလာစေရန်၊ ကျန်းမာရေး အထောက်အကူ ဖြစ်စေရန်အတွက် တစ်နိုင်ငံလုံးအနေအထားဖြင့် ပြင်ပ တွင် ကစားရသည့် အားကစားပွဲများကို ပြန်လည်ကျင်းပရန်နှင့် မြန်မာ့သိုင်း အားကစားနည်းကို ထည့်သွင်းရန်၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး နည်းလမ်း များအတိုင်း စနစ်တကျ ပြန်လည် လည်ပတ်နိုင်စေရန်အတွက် အဓိက ထား ဆွေးနွေးပြောကြား ခဲ့သည်ကို လည်း မြင်တွေ့ရပါသည်။

ဒီမိုကရေစီကျင့်စဉ်နှင့်အညီ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏ (၅/၂၀၂၁) အစည်းအဝေးကို မတ်လ (၈ ရက်က ကျင်းပခဲ့ပြီး အဆိုပါအစည်း အဝေးအတွင်း နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က မိမိတို့အနေ ဖြင့် ဒီမိုကရေစီကျင့်စဉ်နှင့်အညီဖြေရှင်း ဆောင်ရွက်ခဲ့ကြောင်း၊ ပြီးခဲ့သည့်လ ၂၈ ရက်မှစတင်၍ အကြမ်းဖက်လုပ်ရပ်များ စတင်လာသည်ကိုတွေ့ရှိရပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များအား အကြမ်းဖက် တိုက်ခိုက်ခြင်း များ ကြုံတွေ့ရလာပါ ကြောင်း တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး ဆောင်ရွက်ရာတွင် အသက်သာဆုံးနှင့် အညင်သာဆုံး ဆောင်ရွက်ခဲ့ပါကြောင်း၊ CDM သည် နိုင်ငံတော်၏ စီးပွားရေးကို ထိခိုက်စေရန် ရည်ရွယ်ချက်ရှိရှိ ကြိုတင် ကြံစည်ထားခြင်းဟု ယူဆရပြီး စက်ရုံ၊ အလုပ်ရုံများ၊ ခရီးသွားလာရေးလုပ်ငန်း များ၊ ငွေကြေး လည်ပတ်မှုများ၊ ကုန် ထုတ်လုပ်မှုများ ထိခိုက်အောင်ဆောင် ရွက်နေခြင်းဖြစ်ကြောင်း၊ ဆရာဝန်များ ဆေးကုသ မှုမပြုလုပ်ကြသဖြင့် ပြည်သူ လူထု ထိခိုက်နစ်နရပါကြောင်း၊ ဘဏ် များအမြန်ဆုံး ပြန်လည်ဖွင့်လှစ် နိုင်ရေး၊ မီဒီယာများက ဘက်မလိုက် မျှတစွာ ဖော်ထုတ်ရေးသားနိုင်ရေးတို့ လိုအပ်ပါ ကြောင်း ထည့်သွင်း ဆွေးနွေးပြောကြားသည်။

အများပြည်သူ သိရှိနိုင်ရေး

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံ ရေးအတွက် အင်အားရှိရန်နှင့် အသင့် အနေအထားဖြစ်အောင် ဆောင်ရွက် နေရမည်ဖြစ်ကြောင်း၊ တိုင်းပြည် တည်တည်ငြိမ်ငြိမ် ဖြစ်သွားလျှင် ၂၀၁၀ ပြည့်နှစ်က ပြဌာန်းထားသည့် ပြည်သူ့ စစ်မှုထမ်းဥပဒေကို အကောင်အထည် ဖော်ရေး စဉ်းစားရမည်ဖြစ်၍ ကောင်စီ ဝင်များ လေ့လာကြစေလိုကြောင်း အသိပေးပြောကြားပြီး ကောင်စီဝင်များ ၏ ဆွေးနွေးတင်ပြချက်များဖြစ်သည့် CRPH နှင့် အခြားအဖွဲ့ အစည်းများ တွင် ပါဝင်ပတ်သက်နေသူများအား စိစစ် ဖော်ထုတ်အရေးယူသွားရန်၊ နိုင်ငံရေး ပညာပေးလုပ်ငန်းများ ပိုမိုဆောင်ရွက် သွားရန်၊ မဲမသမာမှုကဲ့သို့သော ဥပဒေ နှင့် မညီညွတ်သည့်ကိစ္စရပ်များကို အများပြည်သူများ သိရှိနိုင်ရေး ဆောင်ရွက်ရန်၊ သန်းခေါင် စာရင်းနှင့် မှတ်ပုံတင်များ သက်ဆိုင်ရသန်ကြီးဌာန အနေဖြင့် ဥပဒေနှင့်အညီသာ ဆောင် ရွက်ပေးနိုင်ရန်၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ပြန်လည်ဖွင့်လှစ် ခွင့်ပြုနိုင်ရန်၊ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရန်နှင့် မိုင်းရှင်း လင်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီး မှု အခြေအနေများကို ပြန်လည်ဆွေးနွေး ညှိနှိုင်းခဲ့သည်ကိုလည်း မြင်တွေ့ရ ပါသည်။

ခရီးသွားလုပ်ငန်းများ ဖွင့်လှစ်နိုင်ရေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏ (၆/၂၀၂၁) အစည်းအဝေးကို မတ်လ ၁၅ ရက်တွင် ကျင်းပခဲ့ပြီး အဆိုပါ အစည်းအဝေးအတွင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်မှာ ကြားမှုများအပြီးတွင် ကောင်စီအဖွဲ့ဝင် များနှင့် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ခဲ့ ကြသည်။ အဆိုပါအစည်းအဝေးအတွင်း ဘဏ်များအားလုံး ပုံမှန်ပြန်လည်ဖွင့်လှစ် နိုင်ရေးအတွက် လိုအပ်သော လုံခြုံရေး အစီအမံများဆောင်ရွက်၍ ဖွင့်လှစ်ရန်၊ တက္ကသိုလ်များနှင့် အခြေခံပညာ ကျောင်းများ ပိတ်ထားရသည့်အတွက် ကျောင်းသား ကျောင်းသူများနှင့် မိဘများအပြင် နိုင်ငံတော်အတွက်ပါ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ရသဖြင့် အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး အစီအမံများ ချမှတ်ဆောင်ရွက်ရန်နှင့် စက်မှုလုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေး အခြေခံသည့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် ပြည်တွင်းပြည်ပ မှ အမြန်ဆုံး လွတ်မြောက်နိုင်ရန် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ခရီးသွားလုပ်ငန်းများနှင့် ပတ်သက်၍ ကန့်သတ်ချက်များကို ဖြေလျှော့ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် မြို့နယ်စည်ပင်သာယာရေး အဖွဲ့များကို ပြန်လည်စိစစ်နိုင်ရေး ညွှန်ကြား ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ဘုရားသုံးဆူဒေသ လမ်းပန်း ဆက်သွယ်မှုကောင်းမွန်စေရေးအတွက် ရေရှည်မျှော်မှန်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကိစ္စနှင့် ပတ်သက်၍ ဦးစီးကော်မတီ လုပ်ငန်း ကော်မတီများ အဆင့်ဆင့် ဖွဲ့စည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် နိုင်ငံသားမှတ်ပုံတင် ရပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်းနှင့် တိုင်းရင်းသားတိုင်း နိုင်ငံသားမှတ်ပုံတင်ရရှိရေး မဖြစ်မနေ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း စသည်ဖြင့် လမ်းညွှန်မှာ ဆွေးနွေး ခဲ့သည်။

ဒီမိုကရေစီစနစ်သည် ဝါဒ မဟုတ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏ စီမံခန့်ခွဲရေး ကော်မတီအစည်း အဝေး (၃/၂ဝ၂၁) ကို မတ်လ ၁၁ ရက် တွင် ကျင်းပခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဝန်ကြီးဌာန များတွင် ဝန်ထမ်းများ၊ တာဝန်ထမ်း ဆောင်မှုနှင့် ပတ်သက်၍ မိမိတို့သည် ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းကို သွားနေခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီ စနစ်သည် ဝါဒ မဟုတ်ဘဲ ကျင့်စဉ်တစ်ခု သာဖြစ်ပြီး ဝန်ကြီးဌာနများအနေဖြင့် ဒီမိုကရေစီကျင့်စဉ် နှင့်အညီ ဆောင်ရွက် သွားရန် လိုအပ်ကြောင်းနှင့် ဝန်ထမ်းများအား နားလည်အောင် ရှင်းလင်း ကြားစေလိုကြောင်း အမှာစကား အတွင်း ထည့်သွင်း ပြောကြားသည်။

အဆိုပါ အစည်းအဝေးအတွင်း ဘဏ် လုပ်ငန်းများ စည်းကမ်းတကျ ပြန်လည် ဖွင့်လှစ်နိုင်ရေး၊ ကျန်းမာရေးဝန်ထမ်းများ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ရေးနှင့် ဆေးရုံများအမြန်ဆုံး ပြန်လည် ဖွင့်လှစ်နိုင်ရေး၊ ကျောင်းများပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် အစီအမံများကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်ကို မြင်တွေ့ရ သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်သည် မတ်လ ၂၀ ရက်တွင် မြိတ်၊ ကျွန်းစုနှင့် ကိုကိုးကျွန်းတပ်နယ်တို့မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား သီးခြားစီတွေ့ဆုံခြင်း၊ မတ်လ ၂၈ ရက် တွင် တာချီလိတ်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ မတ်လ ၂၉ ရက် တွင် ကျိုင်းတုံတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် တြိဂံဒေသ တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများကို သွားရောက်တွေ့ဆုံခဲ့ပြီး လိုအပ်ချက်များကို ဖြည့်ဆည်းပေးခဲ့ သည်ကိုလည်း မြင်တွေ့ရပါသည်။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေး

တပ်နယ်များမှတပ်မတော်သားများနှင့် တွေ့ဆုံစဉ် လက်ရှိနိုင်ငံတော်ကို တာဝန်ယူထားရသည့် အခြေအနေ အရပ်ရပ်တို့နှင့် စပ်လျဉ်း၍ အမှာ စကားပြောကြားခဲ့သည်။ ထို့နောက် လက်ရှိ ဆောင်ရွက်လျက်ရှိသည့် အစီအမံများနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုး တက်စေရေးအတွက် ဆောင်ရွက်နေမှု များကိုလည်း ထည့်သွင်းပြောကြားသည်။ အဆိုပါ တွေ့ဆုံပွဲများအပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က စားသောက်ဖွယ်ရာ ပစ္စည်းများကို နယ်မြေခံတပ်ရင်းများထံ ပေးအပ်ခဲ့ပြီး တပ်မိသားစုများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြသည်ကိုလည်း မြင်တွေ့ရပါသည်။

ထို့အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းကလည်း မတ်လ ၁၁ ရက်မှ ၁၄ ရက်အထိ ကလော၊ အောင်ပန်း၊ ဗထူးနှင့် ပြင်ဦးလွင် တပ်နယ်အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်တန်းသား အရာရှိစစ်သည် ဗိုလ်လောင်းများနှင့် တွေ့ဆုံအားပေးခြင်း၊ လက်ရှိနိုင်ငံတော်၏ အခြေအနေအရပ်ရပ်အား ရှင်းလင်း ပြောကြားခြင်းနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းများ ပြုလုပ်ခဲ့ပြီး မတ်လ ၂၉ ရက်တွင် မန္တလေးတပ်နယ် နှင့် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံး များသို့ သွားရောက်တွေ့ဆုံခဲ့သည် ကိုလည်း တွေ့ရပါသည်။

စုပေါင်းဦးဆောင်မှုဖြင့်သာ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၈/၂၀၂၁)ကို မတ်လ ၃၀ ရက်တွင် ကျင်းပခဲ့ပြီး အခမ်းအနား ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ( ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က အမှာစကားပြောကြားရာတွင် “ပြည်သူများ ရွေးချယ်ထားသည့် ဒီမိုကရေစီစနစ်ဆီသို့ မယိမ်းမယိုင် လျှောက်လှမ်းနိုင်ရန်အတွက် ယခုအခါတွင် စုပေါင်း ဦးဆောင်မှုဖြင့်သာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အရပ် ဘက်အုပ်ချုပ်ရေး အဖွဲ့အစည်းများဖြင့်သာ ဆောင်ရွက်လျက်ရှိ၍ တပ်မတော်မှ ဝန်းရံပေးနေခြင်းသာ ဖြစ်ပါကြောင်း၊ ပြည်သူများ မျှော်မှန်းထားသည်မှာ စစ်မှန်သည့် ပါတီစုံဒီမိုကရေစီစနစ် ဖြစ်သော်လည်း တတိယသက်တမ်း အတွက် ရွေးကောက်ပွဲပြုလုပ်ချိန်တွင် မဲမသမာမှုများပြုလုပ်၍ ပြည်သူများ ရွေးချယ်ထားသည့် ဒီမိုကရေစီစနစ်ကို ပြက်ရယ်ပြုပြီး ပြည်သူလူထုကို စော်ကားခြင်းဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံတွင် စစ်မှန်သည့် ပါတီစုံဒီမို ကရေစီလမ်းကြောင်း ဖြစ်ပေါ်စေရေး ၊ တပ်မတော်အနေဖြင့် ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက် ချထားပါကြောင်း၊

ဆက်လက်၍ နိုင်ငံတော်အတွက် တည်ငြိမ်အေးချမ်းရေး၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့် ပတ်သက်၍ ပြန်လည်သုံးသပ်ရေး၊ လိုအပ်သည့်နေရာများတွင် အထူး တရားရုံးများဖွင့်လှစ်ရေး၊ အခွန် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် ဝင်ငွေခွန် နှုန်းထားများ ပြင်ဆင်သတ်မှတ်ရေး၊ လူမှုကွန်ရက်ပေါ်မှ ကောလာဟလ များအား ထိန်းချုပ်ရေး၊ သတင်းမီဒီယာ အဖွဲ့အစည်းများ ပြန်လည်ဖွဲ့စည်းရေး အပါအဝင် နိုင်ငံတော် လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေးနှင့် ဘာသာရေး၊ လူမှု ရေး၊ ဒေသဖွံ့ဖြိုးရေးစသည့် ကိစ္စရပ်များ ကို ကော်မတီဝင်များကစုစည်းညီညွတ် စွာဖြင့် ဆွေးနွေး အဖြေရှာနေသည်ကို လည်း အားရဖွယ် မြင်တွေ့ရပါသည်။

(၇၆) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား

မတ်လ ၂၇ ရက်တွင် ကျရောက် သည့် (၇၆)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို နေပြည်တော် စစ်ရေးပြကွင်း၌ အောင်မြင်စွာ ကျင်းပ ခဲ့ပါသည်။ စစ်ရေးပြအခမ်းအနားတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေ စည်သူမင်းအောင်လှိုင်က စစ်ရေးပြ ကွင်းရှိ အလေးပြုခံစင်မြင့်၌ နေရာယူ ရာ စစ်ကြောင်းကြီးများမှ တပ်မတော် သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များက အလေးပြုကြပြီး အမြောက် ၁၉ ချက်ကို ဂုဏ်ပြု ပစ်ဖောက်ခြင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စစ်ရေးပြ စစ်ကြောင်းကြီးများကို လိုက်လံ စစ်ဆေးခြင်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ က နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော တပ်မတော်သားများအား အလေးပြုကြပြီး သစ္စာလေးချက်ကို သံပြိုင်ရွတ်ဆိုခဲ့သည်ကို ရုပ်သံ တိုက်ရိုက်ထုတ်လွှင့်မှုမှတစ်ဆင့် မြင်တွေ့ခဲ့ရပါသည်။

တပ်မတော်အတွက် ဂုဏ်ယူဖွယ်ရာ

အဆိုပါ အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ပြီး “စစ်ရေး ပြ အခမ်းအနားသည် အမိမြန်မာ နိုင်ငံတော်ကြီးကို ခေတ်အဆက်ဆက် ကာကွယ်စောင့်ရှောက်ခဲ့သည့် သမိုင်း ဂုဏ်ဒြပ် အစဉ်အလာကြီးမားသည့် မြန်မာ့တပ်မတော်၏ (၇၆) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသည့် စစ်ရေး ပြ အခမ်းအနားဖြစ်သကဲ့သို့ ကိုဗစ် - ၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းခဲ့ရ သည့် (၇၅)နှစ်မြောက် စိန်ရတု တပ်မတော်နေ့ ဂုဏ်ပြုအခမ်းအနားကို ပြန်လည်ကျင်းပသည့် စစ်ရေးပြအခမ်း အနားလည်းဖြစ်ပါကြောင်း၊ (၇၅) နှစ်မြောက် စိန်ရတုကျော်လာခဲ့သည့်တိုင် ခေတ်အဆက်ဆက် ကောင်းမြတ်သည့် အစဉ်အလာများကို လက်ဆင့်ကမ်း ထိန်းသိမ်းလာခဲ့သည့် တပ်မတော် အတွက် ဂုဏ်ယူဖွယ်ရာပင် ဖြစ်ပါကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။ အဆိုပါ မိန့်ခွန်းအတွင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က “တပ်မတော် သည် နိုင်ငံတော်၏ အစိတ်အပိုင်း၊ မိမိတို့ တပ်မတော်သားများသည် ပြည်သူများ ၏ အစိတ်အပိုင်းဖြစ်သည်နှင့်အညီ နိုင်ငံ သူ၊ နိုင်ငံသားများအားလုံး လုံခြုံ အေးချမ်းစွာနှင့် အေးအတူ ပူအမျှ လက်တွဲပြီး မိမိတို့နိုင်ငံအတွက် ဂုဏ်ယူ ဝံ့ကြွားစွာ နေထိုင်လုပ်ကိုင်နိုင်အောင် ခိုင်မာစွာ ဆက်လက် လုပ်ဆောင်သွား မည်၊ နိုင်ငံသူ နိုင်ငံသားများ၏ လူမှု စီးပွားဘဝတိုးတက်ရေး ကြိုးစား ဆောင်ရွက်သွားမည်”ဟု နိုင်ငံအတွက် တပ်မတော်၏ ရပ်တည်ချက်၊ ခံယူချက် နှင့် အနာဂတ်ရည်မှန်းချက်တို့ကို ထပ်လောင်း၍ အတိအလင်း ပြောကြား ခဲ့ခြင်းသည်လည်း ပြည်သူများအတွက် ကျေနပ် အားတက်ဖွယ်ဖြစ်စေမည့် မိန့်ခွန်းတစ်ရပ် ဖြစ်လာခဲ့ပါသည်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟို ကော်မတီ က မတ်လ ၃ ရက်နေ့တွင် ပထမဆုံး အကြိမ် အစည်းအဝေးကို ကျင်းပခဲ့ပါသည်။ အဆိုပါ အစည်းအဝေးအတွင်း အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌတပ်မတော်ကာကွယ် ရေးဦးစီးချုပ်က မိန့်ခွန်းပြောကြားရာ တွင် ငြိမ်းချမ်းရေးနှင့် ပတ်သက်ပါက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ရပ်တွင် “တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိစေရန်အတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးသဘောတူစာချုပ် NCA ပါ သဘော တူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား ဆောင်ရွက်သွားမည်” ဟူသည့် လုပ်ငန်းစဉ် ချမှတ်ထားသကဲ့သို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံရေးဦးတည်ချက်တွင်လည်း ယင်း အချက်ကို အလေးအနက်ထား ထည့်သွင်း၍ ဦးတည်ရည်မှန်းထားကြောင်း ပြောကြားခဲ့သည်။

အဆိုပါအစည်းအဝေးအတွင်း ယခင်အစိုးရလက်ထက်တွင် တပ်မတော် အနေဖြင့် အရပ်ဘက် - စစ်ဘက် ဆက်ဆံရေးကောင်းမွန်စေရန် ဖွဲ့စည်းပုံ အခြေခံဥပဒေက သတ်မှတ်ထားသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီအစည်းအဝေးကို ခေါ်ယူရန် မိမိကိုယ်တိုင် အကြိမ်ကြိမ်တိုက်တွန်း ခဲ့သော်လည်း လျစ်လျူရှုခံခဲ့ရ ကြောင်း၊ မဲမသမာမှုများနှင့်ပတ်သက်၍ ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေး ပါတီများအကြား တွေ့ဆုံညှိနှိုင်းဖြေရှင်း ပေးရန်၊ ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးခေါ်ယူ ဖြေရှင်းပေး ရန်နှင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး ခေါ်ယူပေးရန် အကြိမ်ကြိမ်တိုက်တွန်းခဲ့သော်လည်း တွေ့ဆုံဆွေးနွေးသည့် လမ်း ကြောင်းကို ငြင်းပယ်ခဲ့သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေက တာဝန်ပေး အပ်ထားချက်အရ တပ်မတော်က မလွှဲမရှောင်သာ ဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က ရှင်းလင်း ပြောကြားခဲ့ပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က အဓိကထား ပြောကြားခဲ့သည့် အကြောင်းအရာများကို ကောက်နုတ် တင်ပြရလျှင် ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရာတွင် ဒီမိုကရေစီနှင့် ပတ်သက်၍ လည်းကောင်း၊ ဖက်ဒရယ် နှင့်ပတ်သက်၍ လည်းကောင်း မည်သို့ ပင် အယူအဆအမျိုးမျိုး ကွဲပြားနေပါ စေ၊ မိမိတို့နိုင်ငံနှင့် သဟဇာတဖြစ် သည့်စနစ်မျိုးကိုရွေးချယ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဖက်ဒရယ်စနစ်နှင့် ပတ်သက်၍ မိမိတို့လိုရာအဓိပ္ပာယ် အမျိုးမျိုး၊ စံနှုန်းအမျိုးမျိုးဖွင့်ဆိုပြီး ပြောနေကြသော်လည်း အနှစ်သာရ သည် ပေါင်းစည်းခြင်းနှင့် သဟဇာတ ဖြစ်မှုပင် ဖြစ်ပါကြောင်း၊ မိမိတို့ နိုင်ငံ၏ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် လူမျိုး တစ်မျိုးတည်းသာ နေထိုင်သည့် တိုင်းဒေသကြီး၊ ပြည်နယ်ဟူ၍ လုံးဝမရှိ ကြောင်း၊ လူမျိုးပေါင်းစုံ ရောယှက် နေထိုင်ကြကြောင်း၊ တိုင်းဒေသကြီးများ တွင်လည်း တိုင်းရင်းသားများ ပျံ့နှံ့ နေထိုင်နေသည်ကို တွေ့ရမည်ဖြစ် ကြောင်း၊ မိမိတို့နိုင်ငံတွင် တိုင်းရင်းသား လူမျိုးများသည် ပြည်နယ်နှင့် တိုင်းဒေသ ကြီး အသီးသီးတို့တွင် ပျံ့နှံ့နေထိုင်လျက် ရှိခြင်းကြောင့် ပြည်နယ်နှင့် တိုင်းဒေသ ကြီးများအတွင်း နေထိုင်သည့် လူမျိုး အားလုံးက ပိုင်ဆိုင်ခြင်းဟူသည့် လက္ခဏာဆောင်သော ဒေသအမည်ကို အစွဲပြု၍ ပြည်နယ်အမည်ဖြစ်ပေါ်လာ နိုင်ပါက အမျိုးသားစည်းလုံးညီညွတ်ရေး အတွက် ကြီးမားသော အထောက်အပံ့ ဖြစ်လာနိုင်ကြောင်း ထည့်သွင်းပြော ကြားခဲ့ပါသည်။

ထို့အတူ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်၏ ရပ်တည် ချက်၊ ခံယူချက်များနှင့်ပတ်သက်၍ မိမိတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်တာဝန် လွှဲပြောင်းရယူခဲ့ပြီး နောက်တွင် လိုအပ်သော တည်ငြိမ် အေးချမ်းမှုများကို ဆောင်ရွက်ပြီး ရွေးကောက်ပွဲအနိုင်ရရှိသည့် ပါတီကို အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်သည်အထိ ပံ့ပိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တာဝန်ယူစဉ်ကာလအတွင်း ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များအပါအဝင် နယ်မြေ အသီးသီးမှ ဆောင်ရွက်ဆဲလုပ်ငန်းစဉ် များကို အရှိန်အဟုန်မပျက် ဆက်လက်

ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လွဲချော် နေသည့် လုပ်ငန်းစနစ်များ၊ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် အမျိုးသား လုံခြုံရေးကို ထိခိုက်စေသည့် လုပ်ငန်း စဉ်များကိုလည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ တည်ဆဲဥပဒေများနှင့်အညီ ပြန်လည် တည့်မတ်ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ယင်းကဲ့သို့ဆောင်ရွက် ခြင်းမှာ တပ်မတော်သည် အမျိုးသား အကျိုးစီးပွားကိုကာကွယ်သည့် အမျိုး သားနိုင်ငံရေးကို ဦးတည်ဆောင်ရွက် နေခြင်းပင်ဖြစ်ကြောင်း အလေးအနက် ထည့်သွင်းပြောကြားထားခဲ့ပါသည်။

ငြိမ်းချမ်းရေးအတွက် လုပ်ငန်းစဉ် အပိုင်းလေးခု

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍လည်း လက်ရှိရောက်ရှိ နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အရ တွေ့ဆုံဆွေးနွေးမှုများကို အပိုင်း လေးပိုင်းခွဲပြီး စဉ်ဆက်မပြတ် ညှိနှိုင်း ဆောင်ရွက်နေရန် လိုအပ်ကြောင်း၊ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုများ၊ တရားဝင် ဆွေးနွေးမှုများကိုလည်း လိုအပ်သလို ညှိနှိုင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးခိုင်မာစေရေးအတွက် Bilateral ဆွေးနွေးပွဲများကို သတ်မှတ်ချက်နှင့် အညီ စဉ်ဆက်မပြတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ NCA အရ တရားဝင် အစည်းအဝေးများနှင့် ငြိမ်းချမ်းရေး ညီလာခံများ ကျင်းပနိုင်သည်အထိ ညှိနှိုင်းဆောင်ရွက်သွားရန် လိုအပ် ကြောင်း။ ။

အမျိုးသားစည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးနှင့် ပတ်သက်၍

(က) ဒီမိုကရေစီနှင့် ဖက်ဒရယ်

စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်

ရန်၊

(ခ) တွေ့ဆုံဆွေးနွေး ညှိနှိုင်း အဖြေရှာခြင်းဆိုသည့် ဒီမိုကရေစီ ယဉ်ကျေးမှုကို ကျင့်သုံးခြင်းဖြင့် အမျိုးသား စည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကို ဖော်ဆောင်ရန်၊

(ဂ) အမျိုးသားစည်းလုံး ညီညွတ် ရေးအတွက် လိုအပ်သည့် မဟာဗျူဟာများ ချမှတ်ဆောင်ရွက်ရန်၊

(ဃ) ငြိမ်းချမ်းရေးဖော်ဆောင်မှု နှင့်အတူ ပြန်လည်ထူထောင် ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း များကိုလည်း စီမံချက်များ ချမှတ်ဆောင်ရွက်ရန်နှင့် ၊

(င) လူ့အဖွဲ့အစည်းအတွင်းတွင် ကွဲပြားစေမည့် အခြေခံ အကြောင်း အရာများကို သုတေသနပြု ဖော်ထုတ် ပြီး ကာကွယ်တားဆီး ဆောင်ရွက်သွားရန် စသည် ဖြင့် လမ်းညွှန်ချက်များ၊ ချမှတ်ပေးကာ ဆက်လက် အကောင်အထည် ဖော်ရန် တိုက်တွန်း ပြောကြားခဲ့ သည်မှာလည်း နိုင်ငံတော် အတွက် ဒုတိယတစ်လတာ ခြေလှမ်းများပင် ဖြစ်ပါသည်။

(၇၆) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် ခေတ်အဆက် ဆက် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ကာကွယ်ရေးဦးစီးချုပ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် (အငြိမ်းစား) ခုနစ်ဦး၏ ပုံစံတူရုပ်တုများ ဖွင့်ပွဲအခမ်း အနားကို မတ်လ ၂၅ ရက်တွင် နေပြည် တော် တပ်မတော်စစ်သမိုင်းပြတိုက်ရှိ မော်ကွန်းတိုက်မှူးရုံးပြခန်း၌ ကျင်းပခဲ့ ပါသည်။

အဆိုပါအခမ်းအနားတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တက်ရောက်၍ စက်ခလုတ်နှိပ်ကာ ဖွင့်လှစ်ပေးခဲ့ပါသည်။ မြန်မာနိုင်ငံ အတွက် တပ်မတော်အား အင်အား တောင့်တင်းခိုင်မာစေရန် ဦးဆောင် ဦးရွက်ပြုခဲ့သည့် ပုဂ္ဂိုလ်များကို ချီးကျူး ဂုဏ်ပြုပြီး နောင်လာနောက်သား မျိုးဆက်သစ်များက အမြဲအမှတ်ရနေစေ ရန်အတွက် ယခုကဲ့သို့ ခံ့ညားထည်ဝါ စွာ ထုဆစ်ဂုဏ်ပြု၍ တပ်မတော် စစ်သမိုင်းပြတိုက်တွင် ခင်းကျင်းပြသ ခြင်းဖြင့် အမိမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးကို တန်ဖိုးထားမြတ်နိုး လိုစိတ်၊ မျိုးချစ်စိတ်ဓာတ်များရှင်သန် ထက်မြက်ပြီး နိုင်ငံတော်ကြီး တိုးတက် ခေတ်မီအောင် ဆောင်ရွက်လိုစိတ်များ ပွားများလာကာ အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး ဖြစ်လာအောင် စွမ်းဆောင်နိုင်သည့် လူ့စွမ်းအားအရင်းမြစ်များ အဆက် မပြတ် ရှင်သန်လာစေရန်အတွက် ဆန္ဒ ပြုပါကြောင်း အဆိုပါ အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့သည်ကိုလည်း မြင်တွေ့ရ ပါသည်။

(ဆက်လက်ဖော်ပြပါမည်)