ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ၂၀၁၇ ခုနှစ်အတွက် ပခုက္ကူဦးအုံးဖေ တည်ထောင်သော ပခုက္ကူစာပေဆု၊ ဝတ္ထုတိုပေါင်းချုပ်၊ ပထမဆုရရှိသည့် စာရေးဆရာ ယိမ်းနွဲ့ လျှံ၏ “ရွှေစင်တစ်ရစ် မြတစ်ရစ်ဝတ္ထုတိုများ” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
ယင်းစာအုပ်တွင် “တူတော့မတူ...သို့သော်၊ ဆေးရုံပေါ်မှာ တွေ့ခဲ့ပါသည်။ ကိုဘုန်းခိုင်နှင့် ဖုန်းဋီကာ၊ ကံမိကံဖ၊ တိမ်ရောင်ကို စိန်တောင်ထင်မိမှား၊ ရွှေမြင့်မိုရ် မေတ္တာပိုသည်ကြောင့်” အပါအဝင်ဝတ္ထုတို ၁၁ ပုဒ်ပါဝင်သည်။ ဆရာယိမ်းနွဲ့လျှံသည် စာဆိုစစ်သည်တစ်ဦးပီပီ ၎င်းဝတ္ထုတိုများတွင် တပ်မတော်သား တို့၏ အတွေ့အကြုံ၊ လူမှုလောက နယ်အဖုံဖုံမှ ကြုံရဆုံရ ဘဝစာမျက်နှာများကို သုတ၊ ရသများ မွမ်းထုံကာ ရေးသားတင်ပြထားသည်။
အဆိုပါစာအုပ်ကို ရောင်းဈေး ၇၅၀ ကျပ်ဖြင့် အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈)၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁လမ်းနှင့် ၂၂လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆)နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာ ယူလိုပါက အမှတ်၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။