Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဆူပူအကြမ်းဖက်သူများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ပျက်စီးခဲ့သည့် လှိုင်သာယာ မြို့နယ်နှင့် ရွှေပြည်သာမြို့နယ် တို့ရှိ စက်မှုဇုံများသို့ သွားရောက်ကြည့်ရှု စစ်ဆေး၊ ဒေသခံပြည်သူများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း

နေပြည်တော် ဧပြီ ၁၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး၊ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့်တာဝန်ရှိသူများ လိုက်ပါ၍ယနေ့နံနက်ပိုင်းတွင် လှိုင်သာယာ မြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုံနှင့် ရွှေပြည်သာစက်မှုဇုံ များသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရွှေလင်ပန်းစက်မှု မြို့စီမံခန့်ခွဲရေးရုံး သို့ရောက်ရှိ ကြရာ ရန်ကုန်မြောက်ပိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ရွှေလင်ပန်း စက်မှုမြို့အတွင်း စက်ရုံ၊ အလုပ်ရုံလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ မြို့နယ်အတွင်း ပြည်သူများနေထိုင်နေမှု အခြေအနေနှင့် ရွှေ့ပြောင်း လုပ်သားများ၏နေထိုင်မှုအခြေအနေများ၊ စက်ရုံအလုပ်ရုံများအား ဆူပူအကြမ်း ဖက်သူများက မီးရှို့ဖျက်ဆီးခဲ့မှုအခြေအနေများ၊ ရွှေ့ပြောင်းအလုပ်သမားများ အတွက် နေအိမ်အဆောက်အဦ စီစဉ်ဆောင်ရွက်ပေးနိုင်မည့် လျာထားအခြေအနေများ၊ စက်ရုံအလုပ်ရုံများ ပြန်လည် ဖွင့်လှစ်ရန်ဆောင်ရွက်နေမှုနှင့် လုပ်ငန်းလိုအပ်ချက်များအား ရှင်းလင်းတင်ပြကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရွှေလင်ပန်းစက်မှု မြို့စီမံခန့်ခွဲရေးရုံး သို့ရောက်ရှိ ကြရာ ရန်ကုန်မြောက်ပိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ရွှေလင်ပန်း စက်မှုမြို့အတွင်း စက်ရုံ၊ အလုပ်ရုံလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေ အနေများ၊ မြို့နယ်အတွင်း ပြည်သူများနေထိုင်နေမှု အခြေအနေနှင့် ရွှေ့ပြောင်း လုပ်သားများ၏ နေထိုင်မှုအခြေအနေများ၊ စက်ရုံအလုပ်ရုံများအား ဆူပူအကြမ်း ဖက်သူများက မီးရှို့ဖျက်ဆီးခဲ့မှု အခြေအနေများ၊ ရွှေ့ပြောင်းအလုပ်သမားများ အတွက် နေအိမ်အဆောက်အဦ စီစဉ်ဆောင်ရွက်ပေးနိုင်မည့် လျာထားအခြေအနေများ၊ စက်ရုံအလုပ်ရုံများ ပြန်လည် ဖွင့်လှစ်ရန်ဆောင်ရွက်နေမှုနှင့် လုပ်ငန်းလိုအပ်ချက် များအား ရှင်းလင်းတင်ပြကြသည်။

ထို့နောက် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများက ဆန်၊ ဆီနှင့် ပဲများ လှူဒါန်းခဲ့မှုအပေါ် မြို့နယ်အလိုက် တာဝန်ရှိသူများက ကျေးဇူးတင်စကားများ ပြန်လည် ပြောကြားရာတွင် ယခုကဲ့သို့ နိုင်ငံတော်အကြီးအကဲကိုယ်တိုင် လာရောက်၍ ပေးအပ်လှူဒါန်းသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူ ပါကြောင်း၊ မိမိတို့မြို့နယ်သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ အများဆုံး ရှိသည့် မြို့နယ်ဖြစ်ပြီး နိုင်ငံတော်၏ ကုန်ထုတ်လုပ်မှုနှင့် ရွှေ့ပြောင်းအလုပ်သမား အများဆုံးရှိသည့် မြို့နယ်ဖြစ်ပါကြောင်း၊ မိမိတို့မြို့နယ်တွင် ၂၃-၂-၂၀၂၁ ရက်နေ့ နောက်ပိုင်းတွင် ဆူပူဆန္ဒပြမှုများမှ တစ်ဆင့် အများပြည်သူသွားလာလျက်ရှိ သည့် လမ်းမကြီးများကို ပိတ်ဆို့ခြင်း၊ ၁၄ ရက်နှင့် ၁၅ ရက်နေ့များတွင် လုပ်သားများ မှီခိုလုပ်ကိုင်နေသည့် အထည်ချုပ်စက်ရုံကြီးများအား ဆူပူအကြမ်းဖက် သူများက မီးရှို့ဖျက်ဆီးခဲ့သဖြင့် အခြေခံလုပ်သားများအနေဖြင့် အလုပ်အကိုင်ခဏတာ ဆုံးရှုံးနေစဉ် ယခုကဲ့သို့ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးခြင်းအတွက် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ဖြင့်ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မတ်လ ၁၄ ရက်တွင် အကြမ်းဖက် ရမ်းကားသည့်လူအုပ်စုများက တာမွေ၊ အင်းစိန်၊ ရွှေပြည်သာ၊ သာကေတ မြို့မရဲစခန်းများကို လူအုပ်စုဖြင့်လာရောက်၍ မီးရှို့ပြီး ဝင်ရောက်တိုက်ခိုက် စီးနင်းရန်ကြိုးစားခဲ့ကြောင်း၊ ၎င်းအပြင် လှိုင်သာယာ မြို့နယ်ရှိ လုံခြုံရေးရဲကင်း နေရာအား ဝင်ရောက်စီးနင်းပြီး အဆောက်အအုံနှင့် မော်တော်ယာဉ်များအား အကြောင်းမဲ့မီးရှို့ ဖျက်ဆီးခဲ့သည့်အပြင် လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ မြောက်ဥက္ကလာပမြို့နယ် စက်မှုဇုန်တို့ရှိ စက်ရုံများကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည့် လုပ်ရပ်များ ဆောင်ရွက်ခဲ့ကြောင်း၊ ထို့ကြောင့်နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သည် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်မြေ အေးချမ်းသာယာရေးတို့ကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ မြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့အား မတ်လ ၁၄ ရက်တွင် တွင်လည်းကောင်း၊ မတ်လ ၁၅ ရက်တွင် ဒဂုံမြို့သစ်မြို့နယ်(တောင်ပိုင်း)နှင့်(မြောက်ပိုင်း)၊ မြောက်ဥက္ကလာပနှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် တို့တွင် စစ်အုပ်ချုပ်ရေး (Martial Law) အား ထုတ်ပြန်ခဲ့ရသည်။ ယခုအခါ အဆိုပါနယ်မြေအတွင်း ပြန်လည်တည် ငြိမ်လျက်ရှိကြောင်းနှင့် စက်ရုံအလုပ်ရုံများ ပုံမှန်အတိုင်း ပြန်လည်လည်ပတ်လျက် ရှိကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)