Skip to main content

ရှမ်းပြည်နယ်အတွင်း မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲများ ကျင်းပ

ဟဲဟိုး ဧပြီ ၁၇
မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် ရှမ်းပြည်နယ် အတွင်းရှိ ကလောမြို့နယ် ဟဲဟိုးမြို့ အင်းခေါင်း ဆည်၌ ဇီဝိတဒါနငါးလွှတ်ပွဲကျင်းပရာ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း ဦးဆောင်သော ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဝင်များ၊ ပြည်နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးလွှမ်းမိုးဇော် နှင့် ဝန်ထမ်းများ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တက်ရောက်ပြီး နှစ်လက်မအရွယ်ရှိ ရွှေဝါငါးကြင်း သားပေါက်ကောင်ရေ ၄၀၀၀၀ နှင့် ငါးခုံးမကြီး သားပေါက် ကောင်ရေ ၁၀၀၀၀၊ စုစုပေါင်းသားပေါက်ကောင် ရေ ၅၀၀၀၀အား စုပေါင်း၍ ဇီဝိတဒါနငါးမျိုး လွှတ်ပေးခဲ့ကြသည်။
အလားတူ ရှမ်းပြည်နယ် ကျိုင်းတုံခရိုင်ငါးလုပ် ငန်းဦးစီးဌာနမှ ကျိုင်းတုံမြို့နယ် ကျိုင်းဖောင်း ချောင်းအတွင်းသို့ ရွှေဝါငါးကြင်းနှင့် ငါးမြစ်ချင်းသားပေါက်ကောင်ရေ ၂၀၀၀၀ အား လည်းကောင်း၊ လွိုင်လင်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ လွိုင်လင်မြို့  နယ်၊ မြကန်သာကန်တော်အတွင်းသို့ ရွှေဝါငါးကြင်း  နှင့် ငါးခုံးမကြီး သားပေါက်ကောင်ရေ ၃၀၀၀၀အားလည်းကောင်း၊ လင်းခေးခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ မိုးနဲမြို့နယ် နန်းယွန်းချောင်းအတွင်းသို့  ရွှေဝါငါးကြင်းနှင့် ငါးခုံးမကြီးသားပေါက်ကောင်ရေ ၁၀၀၀၀နှင့် မောက်မယ်မြို့နယ် နန့်တွန်ချောင်း အတွင်းသို့ ရွှေဝါငါးကြင်းနှင့် ငါးခုံးမကြီးသားပေါက်ကောင်ရေ ၁၀၀၀၀ အား လည်းကောင်း  သက်ဆိုင်ရာ ခရိုင်/မြို့နယ်အဆင့် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် များနှင့် အတူ အသီးသီး ဇီဝိတဒါန ငါးမျိုးလွှတ်ထည့်ပေးခဲ့ကြသည်။ ရှမ်းပြည်နယ် အတွင်း ဇီဝိတဒါနစုပေါင်းငါးလွှတ်ပွဲတွင် ညောင်ရွှေ  ငါးလုပ်ငန်းစခန်းမှ နှစ်လက်မအရွယ် ရွှေဝါငါးကြင်း နှင့် ငါးခုံးမကြီးကောင်ရေ ၁၂၀၀၀၀ ဖြစ်ကြောင်း သိရသည်။


သတင်းစဉ်