နေပြည်တော် ဧပြီ ၁၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ နှစ်သစ်အန္တရာယ်ကင်း ပရိတ် တရားတော် နာယူခြင်း အခမ်းအနားကို ဧပြီ၁၇ ရက် ညနေပိုင်း က နေပြည်တော်ရုံးအမှတ် (၁၅) ၌ ကျန်းမာရေး ဆိုင်ရာ ညွှန်ကြား ချက်များနှင့်အညီ ကျင်းပသည်။
အခမ်းအနားတွင် ပျဉ်းမနား မြို့ မဟာလယ်တီစံကျောင်းတိုက် ၏ ပဓာနနာယက၊ နေပြည်တော်တိုင်း သံဃနာယကအဖွဲ့ အကျိုး တော်ဆောင် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဣန္ဒာဝုဓ အမှူးပြုသော ဆရာတော် သံဃာတော် ၅ ပါးတို့ က နှစ်သစ်ကူး မင်္ဂလာအန္တရာယ်ကင်း ပရိတ် တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူကြရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ကြီး ဌာနအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းမိသားစုများကဆရာတော် သံဃာတော်အရှင်မြတ်များ ရွတ်ပွား ချီးမြှင့်တော်မူကြသည့် နှစ်သစ်ကူး မင်္ဂလာ ပရိတ်တရားတော်များကို ရိုသေစွာ နာယူကြသည်။
ထို့နောက် ပျဉ်းမနားမြို့ ( မဟာလယ်တီစံ ကျောင်းတိုက် ၏ပဓာနနာယက၊ နေပြည်တော် တိုင်းသံဃနာ ယကအဖွဲ့ အကျိုးတော်ဆောင် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဣန္ဒာဝုဓ အမှူးပြုသော ဆရာ တော် သံဃာတော်ငါးပါးတို့အားဒုတိယဝန်ကြီး နှင့် တာဝန်ရှိသူများက လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြပြီး (ယာပုံ) ကုသိုလ်ကောင်းမှု အစုစုတို့ကို ရေစက်သွန်းချ အမျှပေးဝေ ခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်