Skip to main content

နမ့်စန်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံအတွက် ဆေးပဒေသာပင်အလှူငွေ ပေးအပ်၊ စစ်တွေမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး

နေပြည်တော်၊ ဧပြီ - ၁၉

        ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ အတွက် ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ဆေးပဒေသာပင် အလှူငွေ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဆေးရုံ၌ ပြုလုပ်ရာ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဌ ဒေါက်တာ ကျော်ထွန်း၊ အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နိုင်နိုင်ဉီး နှင့် အဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်ဆေးရုံမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

        ဦးစွာ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဌ ဒေါက်တာ ကျော်ထွန်း က အလှူငွေပေးအပ်လှူဒါန်းခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အလှူငွေ ကျပ် ၃၄ သိန်းအား ပေးအပ်လှူဒါန်းရာ နယ်မြေခံတပ်မတော်ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

        ထို့နောက် ပြည်နယ်ဉက္ကဌ နှင့် တိုင်းမှူး တို့က နယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူလျက်ရှိသော တပ်မတော်သားများနှင့် ဒေသခံတိုင်းရင်း သားပြည်သူများအား လိုက်လံကြည့်ရှုအားပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ် သည်။

        အလားတူ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူလျက်ရှိသော သံဃာတော်များနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ယနေ့နံနက်ပိုင်းတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်တွေတပ် နယ်မှ ဗိုလ်မှူးချုပ် ဆန်းဌေးမောင် နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှုများ၊ ဆေးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက် မှုအခြေအနေများအား ရင်းရင်းနှီးနှီးမေးမြန်း အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်