Skip to main content

၉-၄-၂၀၂၁ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

(ယမန်နေ့မှအဆက်)

၇၂။ ရဲရဲတောက်ဂျာနယ် အယ်ဒီတာချုပ် အမတ်ဒိန် က အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ယူ၍ နိုင်ငံတော်၏အာဏာသုံးရပ် ကို လွှဲပြောင်း ပေးသူသည် ယာယီသမ္မတကြီး ဦးမြင့်ဆွေဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၆၁ (ခ) အရ သမ္မတကြီးဦးမြင့်ဆွေသည် နောက်တစ် ကြိမ် ရွေးကောက်ပွဲအပြီး အရွေးချယ်ခံသမ္မတကို လွှဲပေးသည်အထိ သက်တမ်းရှိနေသည်ဟု သိရကြောင်း၊ယနေ့ မိမိတို့နိုင်ငံ၏ အရေးပေါ် ကာလသည် မည်သည့်အတွက်ကြောင့် နိုင်ငံတော် အာဏာကို ထိန်းသိမ်းရသလဲ ဆိုသည့်အကြောင်း ကို ရှင်းပြနေရကြောင်း၊ ၁၉၅၈ ခုနှစ် ဦးနုက ဦးနေဝင်းကို လွှဲသည့် အချိန်တွင် ဦးနုက နိုင်ငံတော်သည် အရေးပေါ်ကာလ ဖြစ်လာပြီဖြစ်ကြောင်း၊ ဖဆပလ နှစ်ခြမ်းကွဲခြင်း၊ ခါးပိုက်ဆောင်တပ်များ၏ တပ်လှုပ်ရှားမှုများဖြစ်လာကြောင်း၊ သွေးထွက်သံ ယိုမှုများ ဖြစ်တော့မည် ဖြစ်ကြောင်း၊ ယင်းအခြေအနေတွင် ဦးနေဝင်း သာဆောင်ရွက်နိုင်လိမ့် မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဦးနေဝင်းကို အာဏာလွှဲသည်ဟု လွှတ်တော်ထဲ၌ တစ်ခါတည်းပြောပြီးကြောင်း၊ ယခု မိမိတို့ သမ္မတ ကြီးသည် မည်သည့် အတွက်ကြောင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံ တော် အာဏာသုံးရပ် ကို လွှဲရသည် ဆိုသည့်အကြောင်း သမ္မတကြီးကိုယ်တိုင် ပြောခဲ့ခြင်း မရှိပါကြောင်း၊ လွှဲပြောင်းစအချိန် က အချက်အလက်ခိုင်ခိုင်မာမာနှင့် ပြောရန်ခက်ခဲကြောင်း၊ သို့သော် ယနေ့အချိန်တွင် သမ္မတကြီး ပြောရန် အချိန်ရောက်ပြီဟု မိမိထင်မြင်မိကြောင်း၊ မည်သည့်အတွက်ကြောင့် အာဏာ ထိန်းရခြင်း ဖြစ်သည်ဟုသာ ပြောနေရပြီး မည်သည့် အတွက်ကြောင့် အရေးပေါ်ကာလဖြစ်ပြီး နိုင်ငံတော်အာဏာ ကို လွှဲရသလဲဆိုသည့် အဖြေ တစ်ခုကို သမ္မတကြီး ကိုယ်တိုင် လူထုကို ပြောပြလျှင် ယခုထက် ပိုရှင်းသွား မည်ဟု မိမိနား လည်ပါကြောင်း၊ ထို့ကြောင့် သမ္မတကြီးက လူထုကို ရှင်းပြသည့်မိန့်ခွန်းမျိုး မိမိတို့နားထောင် စရာ အကြောင်း ရှိ၊ မရှိ သိလိုကြောင်း မေးမြန်းသည်။ လိုအပ်လာမည်ဆိုလျှင် ထပ်မံဖော်ပြ ပေးမည်ဖြစ်

၇၃။ ဗိုလ်ချုပ်ဇော်မင်းထွန်းက အကြံပြုချက်အတွက် ကျေးဇူးတင်ပါကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ စတင်တာဝန်ယူသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးခေါ်ယူပြီး နိုင်ငံတော်တာဝန် လွှဲပြောင်းရယူရသည့်အကြောင်းနှင့် ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တင်ပြ ခဲ့ခြင်း ရှိကြောင်း နိုင်ငံတော်၏ ယာယီသမ္မတ ဦးမြင့်ဆွေက ယင်းကိစ္စနှင့်ပတ်သက်၍ တရား ဥပဒေအရ ဆုံးဖြတ်သည့်အရာများကို ပြောကြားခဲ့သည်များ ရှိကြောင်း၊ မိမိတို့လည်း ဖော်ပြခဲ့ပြီးဖြစ်ကြောင်း၊ ထပ်မံလိုအပ်လာမည်ဆိုလျှင်လည်း ကျယ်ကျယ် ပြန့်ပြန့် ထပ်မံဖော်ပြ ပေးမည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။

၇၄။ နေပြည်တော် အွန်လိုင်းသတင်းအေဂျင်စီမှ အယ်ဒီတာ ဦးမင်းမောင်က ပြည်ထောင်စုရာထူးဝန် အဖွဲ့၏ရွေးချယ်မှုအပိုင်းတွင် လက်ရှိဘွဲ့ ရပညာတတ်ကျောင်းသားများ မြန်မာနိုင်ငံ၌ များစွာရှိပါကြောင်း၊ ယခင်အစိုးရလက်ထက်တွင် လည်း လုပ်ငန်းများ ရှားပါးခဲ့ပါကြောင်း၊ ယခုအစိုးရလက်ထက်တွင်လည်း လုပ်ငန်းများ ရှားပါးခဲ့မည်ဆိုလျှင် မိမိတို့၏လူ့ အရင်း အမြင်ဖြစ်သည့် ပညာတတ်များသည် နိုင်ငံတကာကို သွားရောက်ပြီး မိမိတို့၏ အနှစ်သာရဖြစ်သည့်လူငယ်များ၏ ရပိုင်ခွင့်အခွင့်အရေးများ၊ နိုင်ငံ  တိုးတက်စေသည့် အခွင့်အရေးအားလုံးသည် နိုင်ငံတကာတွင် ကျွန်ခံနေရသည်ကို တွေ့ရ ကြောင်း၊ ယင်းကိစ္စများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် မည်သို့စီမံဆောင်ရွက် မှုများရှိသည်ကို ပြည်သူလူထုနှင့် မျိုးဆက်သစ် ပညာတတ်လူငယ် များ သိရှိရန်အတွက် ရှင်းပြပေးစေလိုကြောင်း၊ ပြည်တွင်းပြဿနာများ၊ နယ်စပ်ဒေသများ၊ ရှမ်းမြောက်ဒေသတို့တွင် စစ်ဖြစ်နေခြင်းများကို ယခု လက်ရှိကြုံတွေ့နေရကြောင်း၊ အေးချမ်းစွာနေလို သည့် ပြည်သူ လူထုများသည် စစ်ဘေးရှောင်နေရပါကြောင်း၊ ထိုသို့စစ်ဘေးရှောင်နေရသည့် ပြည်သူများ အပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် မည်သို့ကူညီဆောင်ရွက်မှုများရှိသည်ကို သိလိုပါ ကြောင်း မေးမြန်းသည်။ ဆောင်ရွက်ရန်ကျန်သည့်လုပ်ငန်းစဉ်များဆောင်ရွက်

၇၅။ ဗိုလ်ချုပ်ဇော်မင်းထွန်းက ရာထူးဝန်အဖွဲ့ အနေ ဖြင့် ယခင်ကိုဗစ်-၁၉ ကာလ ရွေးချယ်ရေးဆိုင်ရာ လုပ်ငန်းများတွင် ဆောင်ရွက်ရန်ကျန်သည့် လုပ်ငန်း စဉ်များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီး ဌာန ၁၇ ခုမှ ပြန်တမ်းဝင်အဆင့် လစ်လပ်နေရာ ၄၇၂ နေရာ၊ လက်ထောက်ဆရာဝန်ရာထူး ၂၅ နေရာ၊ လစ်လပ် ၄၇၂ နေရာအတွက် ခေါ်ယူခြင်း၊ ရေးဖြေ စာမေးပွဲများ ဆောင်ရွက်လျက်ရှိသည်ဟု သိရကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန လစ်လပ်ဆရာဝန် ၈၄ဝ နေရာကို ၆၀၂ ဦးအနက်မှ ရွေးချယ်ပေးရမည့်ကိစ္စများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ထောင်စုရာထူးဝန် အဖွဲ့သည် ဝန်ကြီးဌာနအသီးသီးမှ လစ်လပ်လျက်ရှိ သည့် ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်ထား ရာထူးလစာနှုန်းထား ၂၇၅၀၀၀၊ ၂၉၅၀၀၀ တို့ကို ရွေးချယ်ဆောင်ရွက် ပေးလျက်ရှိသည်ကို တွေ့ရကြောင်း၊ ရွေးချယ်ရေးလုပ်ငန်းစဉ်အတွက် ပြည်ထောင်စုရာထူးဝန် အဖွဲ့ အနေဖြင့် ဝန်ကြီးဌာန အဖွဲ့ အစည်းများမှ အဆိုပြု ပေးပို့လာသည့် ပြန်တမ်း ဝင်အရာ ရှိအဆင့် လစ်လပ်ရာထူးများကို စစ်ဆေး ပေးခြင်း၊ အဖွဲ့အစည်းမှ သဘောတူ၊ အတည်ပြုရယူ ပေးမှသာ ဆောင်ရွက်ခြင်းများ၊ နိုင်ငံပိုင်သတင်းစာ များမှခေါ်ယူခြင်း၊ ရေးဖြေစာမေးပွဲစစ် ဆေးပေးခြင်း များ ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရကြောင်း၊ ရွေးချယ်ရေးလုပ်ငန်းများတွင် အဆင့်မြှင့်တင်ရန် ရှိပြီး ရွေးချယ်ရေးလုပ်ငန်းများကို အိုင်တီနည်းပညာအခြေခံပြီး အဆင့်မြှင့်တင်ဆောင်ရွက်ပေးလျက် ရှိသည်ကို သိရကြောင်း၊ ဗဟိုဝန်ထမ်းတက္ကသိုလ်၌ ဖွင့်လှစ်မည့် သင်တန်းများဖွင့်လှစ်နိုင်ရေး ဆောင်ရွက် လျက်ရှိသည်ကို တွေ့ရကြောင်း၊ ပြည်ထောင်စုရာထူး ဝန်အဖွဲ့ အနေဖြင့် လစ်လပ်သည့်ရာထူးများနှင့် ပတ်သက်၍ ခေါ်နေသည်များကို သတင်းစာထဲတွင် အားလုံးတွေ့နိုင်မည်ဖြစ်ကြောင်း၊ အလုပ်အကိုင်ရရှိ ရေးနှင့်ပတ်သက်၍အနည်းငယ်ကွာဟမှုရှိနိုင်ကြောင်း၊ ဝန်ကြီးဌာနများအတွက် ခေါ်ခြင်းဖြစ် ကြောင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ အဓိကလုပ်ငန်းသည် အစိုးရဝန်ကြီးဌာန များ၏ လုပ်ငန်းခန့်အပ်နိုင်မှုကို သာ လုပ်ခြင်းဖြစ်ကြောင်း၊ မြန်မာတစ်နိုင်ငံလုံး၏ ပြည်သူ ပြည်သားများ အလုပ်အကိုင်ရရှိရေးဆိုသည့် အရာသည် အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်လာ ရန်နှင့် ပိုပြီးဆိုင်လိမ့်မည်ဖြစ်ကြောင်း၊ အစိုးရဝန်ကြီး ဌာနများတွင် အလုပ်အကိုင်အခွင့် အလမ်းပေါ်ခြင်း ထက် အမှန်တကယ် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက် သည့် ပုဂ္ဂလိကလုပ်ငန်း များ၊ လုပ်ငန်းခွဲများတွင် အလုပ်အကိုင်တိုးလာရန်အရေးကြီးကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံ မှုများ၊ လူ့စွမ်းအားအရင်းအမြစ်များ၊ ပညာရေး၊ သယံဇာတအရင်းအမြစ်များနှင့် ဆက်စပ်နေသည်များလည်း တွေ့နိုင်ကြောင်း၊ မည်သို့ပင်ဆိုစေကာမူ လှိုင်သာယာကိစ္စမျိုးတွင် အထည်ချုပ် စက်ရုံများ မီးရှို့ခံရသည့်ဖြစ်စဉ်မျိုး ဖြစ်ကတည်းက မြန်မာနိုင်ငံတွင် စိတ်ချရသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုဆိုတာသည် အတော်ခက်ခက်ခဲခဲ ကြိုးပမ်းရဦးမည် ဖြစ်ကြောင်း၊ အလုပ်အကိုင်နှင့်ပတ်သက်၍ စိတ်ချ စွာ လုပ်ကိုင်နိုင်ရန် ခက်ခက်ခဲခဲကြိုးပမ်းရဦးမည် ဖြစ် ကြောင်း၊ သို့သော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အခြေခံကျသည့် ပညာရေး၊ ကျန်းမာရေးမြှင့်တင်မှုလုပ်ငန်းများ၊ အခြေခံကျသည့် စိုက်ပျိုးမွေးမြူရေးမှ အလုပ်အကိုင်ရ ရှိရေးလုပ်ငန်း များကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ စစ်ဘေးရှောင်များနှင့် ပတ်သက်၍ ပြောရမည်ဆိုပါက တပ်မတော်၏မူဝါဒ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ မူဝါဒသည် အမြဲရည်ရွယ်ချက်ထားရှိ ကြောင်း၊ IDP များအနေဖြင့် မိမိ၏ရပ်ရွာများတွင် ပြန်လည်နေထိုင်ပြီး လူမှုစီးပွားဘဝကို ပြန်လည် ထူထောင်နိုင်ရမည်ဆိုသည့် ရည်ရွယ်ချက်မျိုး အမြဲရှိကြောင်း၊ IDP များ မိမိရပ်ရွာကိုပြန်လာနိုင်ရန်အတွက် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်း၊ ၎င်းနှင့်ပတ်သက်၍ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု များကို မိမိ ပထမအပိုင်း ပြောသည့်အထဲတွင် ပါပြီးဖြစ်ကြောင်း၊ ယင်းလုပ်ငန်း များကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟု ပြောလိုပါကြောင်း ရှင်းလင်းဖြေကြားသည်။

၇၆။ Myanmar National Post သတင်းဌာနမှ အယ်ဒီတာချုပ် နောင်တော်လေးက တိပိဋက စာမေးပွဲများ၊ ပထမပြန်စာမေးပွဲများကို မည်သည့် ရက်တွင် ကျင်းပသွားရန်ရှိသည်ကို သိလိုကြောင်း၊ ဆရာ ဆရာမများကို ကြီးသူဖြစ်စေ၊ ငယ်သူဖြစ်စေ အားလုံးကို ဂါရဝထားပြီး ရိုသေလေးစားပါကြောင်း၊ သို့သော် ဆရာ ဆရာမမွမ်းမံသင်တန်းများတွင် တက်ရောက်ခြင်း မရှိဘဲ တက်ရောက်စာရင်းပေး ထားသည်ကို မည်သို့ကိုင်တွယ်သည်ကို သိလိုပါကြောင်း၊ အခြား ဌာနများတွင်လည်း တစ်ဖက်တွင် CDM စာရင်းသွင်းထားပြီး တစ်ဖက်တွင်လည်း လူစား နှင့် လစာလာထုတ်နေခြင်းများကို မည်သို့ဆောင်ရွက်နေသည်ကို သိလိုကြောင်း မေးမြန်း သည်။

ပြောင်းပြန်အကျိုးသက်ရောက်မှုဖြစ်နေ

၇၇။ ဗိုလ်ချုပ်ဇော်မင်းထွန်းက သာသနာရေးနှင့် ပတ်သက်သည့် စာမေးပွဲကိစ္စများကို သေချာ မသိသေးပါသဖြင့် သာသနာရေးကို မေးမြန်းပြီး ပြန်လည် ဖြေကြားပေးမည်ဖြစ်ကြောင်း၊ ဆရာ ဆရာမများ နှင့်ပတ်သက်၍ သတင်းထောက်ကြီးပြောသလို ကိစ္စရပ်များ ရှိကောင်းရှိနိုင် မည်ဖြစ်ကြောင်း၊ သတိထားရမည်မှာ ဝန်ထမ်းလောကတွင်လည်း CDMနှင့်ပတ်သက်၍ တချို့ကိစ္စများမှာ ကြားသိ ရသည့် သတင်းများအတိုင်း မှန်ကန်သော်လည်း တချို့ ကိစ္စများမှာ သတင်းမှားများဖြစ်နေကြောင်း၊ တချို့ ကိစ္စရပ်များသည်ပြောင်းပြန်အကျိုးသက်ရောက် မှုဖြစ်နေ ကြောင်း၊ CDM လုပ်ဆောင်မှုများအတွက် အဓိကလှုံ့ဆော်သူများ၏အမည်များကို တိုင်ကြား နိုင်ရန် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များပေးထားရာ မသမာသူများက ယခုလက်ရှိ ပုံမှန်ရုံးတက်နေသူ များ၏ အမည်စာရင်းကို CDM လုပ်နေသူများက ဖုန်းဖြင့်လှမ်းတိုင်ကြား သည့် အဖြစ်အပျက်မျိုး ရှိပါကြောင်း၊ သတင်းထောက်ကြီးအနေဖြင့် ယခုလို အကြံပြု တင်ပြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့အနေဖြင့် လိုအပ်သည်များကို စိစစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြား သည်။

၇၈။ Myanmar National Post သတင်းဌာနမှ အယ်ဒီတာချုပ် နောင်တော်လေးက မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ကျုံဒိုးကျေးရွာ၌ SocialPunishment လုပ်ခံရသည့် ကွမ်းယာဆိုင်တစ်ဆိုင် ကို တပ်မတော် သားများက ပြန်လည်တည်ဆောက် ပေးသည့်အပြင် ထောက်ပံ့ကြေးငွေလည်း ပေးသည် ဆိုသည့် ဝမ်းသာစရာသတင်းကို ကြားသိရပါကြောင်း၊ ဝန်ကြီးပြသသွားသည့် slide showတွင် ကိုကရင်ဆိုသည့်လူသည် မြန်မာနိုင်ငံတွင် ဆူပူ အကြမ်းဖက်သူများကြောင့် ပထမဆုံး လူ့အခွင့် အရေး ချိုးဖောက်စော်ကားခံရသည့် လှိုင်မြို့ နယ် နေသူဖြစ်ကြောင်း၊ အလားတူ ထိုသို့ခံရသူများ လည်း လှိုင်မြို့နယ်၊ သာကေတမြို့နယ်၊ လှိုင်သာယာ မြို့နယ်များ၌ များစွာရှိနေကြောင်း၊ မော်လမြိုင် ဖြစ်စဉ်တွင် ကူညီထောက်ပံ့ပေးသကဲ့သို့ ၎င်းတို့ကို ကူညီထောက်ပံ့မှုများပြုလုပ်ရန် အစီအစဉ်ရှိ၊ မရှိ သိလိုပါကြောင်း၊ ၎င်းတို့သည် ဘုန်းတော်ကြီးကျောင်း များတွင် ခိုလှုံနေကြရသည်ကို သတင်းကြားသိရပါကြောင်း၊ အဆိုပါကိစ္စရပ်နှင့်ပတ်သက်ပြီး ဖြေကြား ပေးပါရန် မေးမြန်းသည်။

၇၉။ ဗိုလ်ချုပ်ဇော်မင်းထွန်းက လူမှုရေးနှင့် ပတ်သက်ပြီး ချိုးဖောက်ခံရမှုများ၊ တရားဥပဒေနှင့် ပတ်သက်ပြီး နှစ်နာခဲ့ရသူများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဆက်သွယ်ပြီး တရားဥပဒေဘောင်အတွင်းက ပေးအပ်နိုင်သည့် ဆောင်ရွက်ချက်များ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

၈၀။ Myanmar National Post သတင်းဌာနမှ အယ်ဒီတာချုပ် နောင်တော်လေးက ဆူပူအကြမ်း ဖက်မှုများကို အာရုံစိုက်နေသည့်အချိန်၌ တစ်ဖက် တွင်လည်း နစက အစိုးရတက်လာပြီးသည့်အချိန် တွင် ဆုံးရှုံးမှုများအတွက် မျှော်လင့်နေသည့် တောင်သူလယ် သမားများ ရှိနေပါကြောင်း၊ လယ်ယာ မြေနှင့် မြေလွတ်မြေလပ်မြေရိုင်းဥပဒေကို သမ္မတ ကြီး ဦးသိန်းစိန်လက်ထက်တွင် ပြဋ္ဌာန်းခဲ့ပါကြောင်း၊ ပြဋ္ဌာန်းချက်တွင် မြေလွတ်မြေလပ်မြေရိုင်းများ ကို လုပ်ငန်းရှင်များရော ဒေသခံများပါ လျှောက်ယူခွင့် ရှိကြောင်း၊ သို့သော် ရန်ကုန်၊ မန္တလေးကဲ့သို့သော နေရာများတွင် လုပ်ငန်းရှင်ကြီးများက ပြင်ဦးလွင် ကဲ့သို့သောနေရာမျိုးရှိ ရွာနီးချုပ်စပ်က မြေများကိုပင် နဂိုမူလလုပ်ကိုင်သူရှိပါလျက်နှင့် မြေလွတ်မြေရိုင်းနှင့် လျှောက် ထား ရယူသွားသည့် နစ်နာမှုမျိုးများရှိနေပါကြောင်း၊ ပြင်ဦးလွင်သည် အဓိကအများ ဆုံးနေရာ ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် မည်သို့ဆောင်ရွက်ပေးသွားရန် အစီအစဉ် ရှိသည်ကို သိလိုကြောင်း မေးမြန်းသည်။

ရှုပ်ထွေးသောကိစ္စ

၈၁။ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဤကိစ္စသည် အလွန် ရှုပ်ထွေးသောကိစ္စဖြစ်ကြောင်း၊ ဥပဒေလုပ်ထုံး လုပ်နည်းအရလည်း ရှုပ်ထွေးကြောင်း၊ တပ်မတော် အနေဖြင့် မြေဧကပေါင်း များစွာ စွန့်လွှတ်ခဲ့မှုများရှိ ပါကြောင်း၊ ထိုမြေဧကများအနက် အချို့ သည် မူလပိုင်ရှင်လက်ထဲသို့ ယခုအထိ မရောက်သေးသည်များ လည်းရှိပါကြောင်း၊ တချို့ ကိစ္စများမှာ လုပ်ထုံးလုပ်နည်းအရ ကြာ၍သော်လည်းကောင်း၊ တချို့မြေ များသည် မူလပိုင်ရှင် ရှာ၍မရခြင်းကြောင့်

သော်လည်းကောင်း မူလပိုင်ရှင်လက်ထဲသို့ မရောက်သေးခြင်းဖြစ်ကြောင်း၊ ယခုမိမိပြောသွား သည်မှာ မိမိတို့ လက်တွေ့ကြုံရသည့်ကိစ္စဖြစ်ပြီး သတင်းထောက်ကြီးပြောခဲ့သည့် လုပ်ငန်း ရှင်များ၊ မူလလက်ငုတ်လက်ရင်းလူများက ဖယ်ပေးရသည် ဆိုသည့်ကိစ္စနှင့် ပတ်သက်ပြီး မိမိအကြံပြုလိုသည်မှာ မြေယာနှင့်ပတ်သက်ပြီး ယခင်ကတည်းက အဖွဲ့ အစည်းများရှိပြီးဖြစ် ကြောင်း၊ ထိုအဖွဲ့ အစည်းများကို တရားဝင်အကြောင်းကြားစာ၊ တရားဝင် တိုင်ကြားစာ ပေးပို့ရန် လိုအပ်သည်ဟု ပြောလိုကြောင်း၊ သို့မှသာ တရားဝင်ဖြေရှင်း၍ရမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်။

၈၂။ Myanmar National Post သတင်းဌာနမှ အယ်ဒီတာချုပ် နောင်တော်လေးက ရန်ကုန်တိုင်း ဒေသကြီးတွင် ယခင် NLD အစိုးရလက်ထက်တုန်း က YB ကုမ္ပဏီသည် အတော်သတင်း ကြီးခဲ့ကြောင်း၊ ယင်းကုမ္ပဏီသည် အစိုးရနှင့်ပတ်သက်ပြီး မြေကွက် ပေါင်းများစွာကို ယူခဲ့သည်ဆိုသည်ကိုလည်း မီဒီယာ ကြီးများတွင် ဖော်ပြမှုများရှိခဲ့ကြောင်း၊ ယင်းကုမ္ပဏီ က မြေများရယူသည့်အပေါ်တွင် မြေကွက်ဖော်စဉ်က အသိမ်းခံခဲ့ရသည့် လယ်သမားများက လုပ်ငန်း ဖော်ဆောင်ခြင်းမရှိသဖြင့် လွတ်လပ်နေသည့် နေရာများတွင် လယ်သမားများက ပြန်လည်နေထိုင်ပါကြောင်း၊ နေထိုင်ပြီးသည့်အခါ မိမိတို့၏ ပိုင်ဆိုင်ခွင့် အနေဖြင့် ဂရန်လျှောက်ထားကြကြောင်း၊ ထိုသို့လျှောက်ထားသည့် လယ်သမား၏ မြေကွက်ကို VB ကုမ္ပဏီက ဝင်ပြီး ဂရန်လျှောက်ထားကြောင်း၊ ယင်းကုမ္ပဏီကို ဂရန်ချပေးပြီး လယ်သမား များကို ဂရန်ချမပေးခဲ့ကြောင်း၊ ထိုပြဿနာများအတွက် ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် ပြန်လည်စိစစ်ဆောင်ရွက်ပေးရန် ရှိ၊ မရှိ သိလိုကြောင်း၊ တစ်ဆက် တည်းတွင် တပ်မတော်သား မိသားစုဝင်တစ်ဦး ဖြစ်သည့် ဒေါ်သင်းသင်းရီ၏ကိစ္စကို ပြောလိုကြောင်း၊ ၎င်းသည် တပ်မတော် သား မိသားစုဝင်တစ်ဦးဖြစ်ပြီးတောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်ကြောင်း၊ ၎င်း၏ခြံကွက် သည်လည်း တပ်မတော်အစိုးရ လက်ထက်တွင် လေးမြို့နယ်စီမံချက်ဖြင့် ဒေါ်သင်း သင်းရီ၏ မိခင်အမည်ဖြင့် ဂရန်ချထားပေးခဲ့သည့်မြေကွက်ဖြစ်ပါကြောင်း၊ ရပ်ကွက်ပိုင် ပန်းခြံနှင့် ၎င်း၏ခြံကိုရောပြီး ရာဇာမင်းက ၎င်းတို့ အကွက် ပါဆိုပြီး ယူသွားသဖြင့် ဒေါ်သင်းသင်းရီသည် ခြေသလုံးအိမ်တိုင်ဘဝ ရောက်ခဲ့ရပါကြောင်း၊ တပ်မတော်သား မိသားစုဝင်ဖြစ်သော ဒေါ်သင်း သင်းရီသည် ယခုအချိန်တွင် ခြေသလုံးအိမ်တိုင် ဘဝဖြင့် လှည့်လည်ပြီး သူငယ်ချင်းအပေါင်း အသင်းအိမ်များတွင် အဝတ်လျှော်၊ ထမင်းချက်ပေးနေရ သည့်ဘဝကို ဆရာတော် ဦးပါမောက္ခက မကြည့် ရက်သဖြင့် ၎င်း၏ အခမဲ့ဆေးခန်း၌ အလုပ်ပေးပြီး စောင့်ရှောက် ထားရပါကြောင်း၊ ထိုကိစ္စနှင့်ပတ်သက် ပြီး အစိုးရနှစ်ဆက်တိုင်တိုင် တင်ပြခဲ့သော်လည်း ယခုအထိပြေလည်မှု မရသေးပါကြောင်း၊ ဒေါ်သင်း သင်းရီကလည်း စွဲကြီးစွာဖြင့် ဥပဒေစိုးမိုး ရေး၊ တရားမျှတမှုရရှိရေးအတွက် ယနေ့အချိန်အထိဆောင်ရွက်နေဆဲဖြစ်ကြောင်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကိုလည်း တင်ပြထားကြောင်း၊ ဤကိစ္စများအတွက် မည်သို့ဆောင်ရွက် ပေးရန် အစီအစဉ်ရှိသည်ကို သိလိုကြောင်း မေးမြန်းသည်။

၈၃။ ဗိုလ်ချုပ်ဇော်မင်းထွန်းက နစ်နာသူရှိလျှင် နှစ်နာသူက တိုင်ကြားပေးရန်၊ စာရေးပြီး သားရှိပါက မိမိကိုပေးလိုက်ပါရန်နှင့် မိမိမှတစ်ဆင့် သက်ဆိုင် ရာကို ပေးအပ်သွား မည်ဖြစ်ကြောင်း၊ YB ကိစ္စနှင့် ပတ်သက်ပြီးလည်း တိုင်ကြားပါက တရားဥပဒေအရ ဖြစ်စေရမည ်ဖြစ်ကြောင်း ပြန်လည်ဖြေကြား သည်။

၈၄။ Myanmar Nation သတင်းဌာနမှ သတင်းထောက် ဒေါ်ဆွေဇင်ဦးက မြန်မာနိုင်ငံ၌ လွတ်လပ် စွာ ကိုးကွယ်ခွင့်ပြုထားသော်လည်း ဗုဒ္ဓဘာသာကို အထူးကိုးကွယ်သည့် နိုင်ငံဖြစ် ကြောင်း၊ ဗုဒ္ဓဘာသာ မှာ ပရိယတ္တိစာသင်သားများ၊ သံဃာတော်များ စာသင်နေကြကြောင်း၊ ယခုနိုင်ငံရေး၊ စီးပွားရေး အခြေအနေတွင် သံဃာတော်များက တော်တော် လေး အခက်အခဲ များရှိကြောင်း၊ ထို့ကြောင့် သာသနာတော်ကြီး ဆက်လက်တည်တံ့ရေးနှင့် ပြန့်ပွားရေးအတွက် စာသင်နေကြသည့် စာသင် သားများအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အုပ်ချုပ်နေစဉ်ကာလမှစပြီး သံဃာတော် များ စာသင်နိုင်ရန် ထောက်ပံ့ကြေးများ လစဉ်ပေး နိုင်မည့် အစီအစဉ်ရှိမရှိ သိလိုကြောင်း မေးမြန်း သည်။

၈၅။ ဗိုလ်ချုပ်ဇော်မင်းထွန်းက သံဃာတော် များနှင့်ပတ်သက်ပြီး တပ်မတော်အနေဖြင့် ဆွမ်းဆန်  စိမ်း၊ ဆီ၊ ဆား၊ ပဲ စသည့် အမည်လေးမျိုးတို့ကိုလှူဒါန်းခြင်းများ လစဉ်နီးပါး ဆောင်ရွက် လျက် ရှိပါကြောင်း၊ ဆရာဒကောစီမံချက်ဖြင့်လည်းဆောင်ရွက်လျက်ရှိကြောင်း၊ သံဃာတော်များ စာသင်ရန် ထောက်ပံ့ရေးအတွက် ယခုသတင်းစာ ရှင်းလင်းပွဲတွင် ရရှိသည့်အချက်အလက်များအရ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကို မိမိ ပြောပြီး ၎င်းတို့ကလည်း လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

များစွာအဆင့်မြင့်မားလာ

၈၆။ Myanmar Nation သတင်းဌာနမှ သတင်း

ထောက် ဒေါ်ဆွေဇင်ဦးက မြန်မာနိုင်ငံ၌ ရှေးယခင် တပ်မတော်ထက် ယခုတပ်မတော်က များစွာအဆင့် မြင့်မားလာသည်မှာ ထင်သာမြင်သာ ရှိကြောင်း၊ လက်နက်ပစ္စည်းများ၊ စက်ယန္တရားများ၊ ရေငုပ် သင်္ဘောများ၊ ခေတ်မီလက်နက်ပစ္စည်းများဖြင့် တပ်မတော်က များစွာတိုးတက်လာသည်ကို တွေ့ရကြောင်း၊ ဗိုလ်ချုပ်ပြောသွားသည့်အထဲတွင် တပ်မတော်မှ ပြည်သူသို့ လှူဒါန်းမှုများကို ဝမ်းသာ စွာဖြင့်တွေ့ရကြောင်း၊ ထိုအခြေအနေများထဲမှ တစ်ဖက်တွင်တွေ့ရသည်မှာ တပ်မတော်သားများ ဘဝကမူ မြင့်မားလာခြင်းမျိုးမရှိကြောင်း၊ လူမှု ကွန်ရက်များတွင် တွေ့နေရသည်မှာ ပိုဆိုးကြောင်း၊ တပ်မတော်ချစ်သူများအနေဖြင့် များစွာစိတ်မကောင်း ဖြစ်ရကြောင်း၊ အဘယ်ကြောင့်ဆိုသော် ခြင်းကြား ကြီးများလွယ်၍ စစ်တိုက်ထွက်နေရခြင်းများ၊ ရာသီ ဥတုဒဏ် မကာကွယ်နိုင်သည့် ယူနီဖောင်းများ ရှိနေခြင်း၊ လမ်းပန်းအခက်အခဲများကို ဖြတ်ကျော်ရန် ဖိနပ်ကောင်းတစ်ရန်ပင် မရှိခြင်းများကို ဗိုလ်ချုပ် တို့က ပိုပြီးသိမြင်လိမ့်မည်ဖြစ်ကြောင်း၊ အများ ပြည်သူ၏အမြင်တွင် တပ်မတော်ဆိုသည်မှာ အခွင့် ထူးခံလူတန်းစားများဟူ၍ ပြောကြကြောင်း၊ သို့သော် လူ့အခွင့်အရေး အဆုံးရှုံးဆုံးအဖွဲ့အစည်းကို ပြပါ ဆိုလျှင် တပ်မတော်ကိုသာ ပြရမှာဖြစ်ကြောင်း၊ ထို့ကြောင့် ခေတ်မီလက်နက်များကို ပံ့ပိုးနေသကဲ့သို့ တပ်မတော်သားများ၏ဘဝကို တိုးတက်မြင့်မား လာအောင် စားဝတ်နေရေး၊ လစာ၊ ခေတ်မီအသုံး အဆောင်ပစ္စည်းများ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအစိုးရ လက်ထက်မှစတင်ပြီး လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ သိလိုကြောင်း၊ ပြီးခဲ့သည့်အစိုးရ လက်ထက်တွင် တပ်မတော်ဘတ်ဂျက်များလည်းလျှော့ချခံရမှုများလည်းရှိရာ တပ်မတော်သားများ၏ ဘဝ မည်မျှခက်ခဲကြမ်းတမ်းသည်ကို ဗိုလ်ချုပ်တို့ ပိုသိသည့်အတွက် တပ်မတော်သားများဘဝ မြှင့်တင်ပေးရန် အစီအစဉ်ရှိ၊ မရှိ သိလိုကြောင်း မေးမြန်းသည်။ ၈၇။ ဗိုလ်ချုပ်ဇော်မင်းထွန်းက လူမှုကွန်ရက် စာမျက်နှာများတွင် တွေ့နေတာများရှိကြောင်း၊ တပ်မတော်အနေဖြင့် ခေတ်မီလက်နက်ပစ္စည်းများ၊ နိုင်ငံတကာအဆင့်မီအောင် ယူနီဖောင်းများကအစ ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း၊ သို့သော် ပြည့်စုံ မှုများတော့ မရှိသေးကြောင်း၊ ၎င်းတို့နှင့်ပတ်သက် ပြီး ပြည့်စုံအောင် နိုင်ငံတကာခေတ်မီတပ်မတော် တစ်ရပ်အဖြစ် တည်ဆောက်နိုင်အောင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပြောခဲ့သည့်အတိုင်း နိုင်ငံတော်က အားထားရသည့် ပြည်သူက အားကိုး ရသည့် တပ်မတော်တစ်ရပ်ဖြစ်လာအောင် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ဆက်လက်ဖော်ပြပါမည်)