(၇-၂-၂၀၂၀ ရက်နေ့၊ ညနေ (၆:၄၀) နာရီ)
(က) ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် 2019-nCoV acute respiratory disease ရောဂါ သံသယနှင့် စောင့်ကြည့်လူနာများထံမှ နှာခေါင်းတို့ဖတ်နမူနာ (Nasopharyngeal Swab) များကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့၍ အတည်ပြုစစ်ဆေးခဲ့ရာ ယနေ့ ညနေပိုင်းတွင် အောက်ပါ လူနာ (၂) ဦး၏ ဓာတ်ခွဲအဖြေများကို ရရှိခဲ့ပါသည် -
၁။ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး လှိုင်သာယာပြည်သူ့ဆေးရုံမှ ဝေဘာဂီအထူးကုဆေးရုံသို့ လွှဲပြောင်းခဲ့ကာ စောင့်ကြပ်ကြည့်ရှုကုသမှုခံယူနေသော အသက် (၃၂) နှစ်အရွယ် တရုတ်ပြည်သူ့သမ္မတနိုင်ငံသား အမျိုးသားတစ်ဦး၊
၂။ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် သို့ ပြန်လည်ရောက်ရှိခဲ့ပြီး မင်းပြားပြည်သူ့ဆေးရုံ၌ စောင့်ကြပ်ကြည့်ရှုကုသမှုခံယူနေသော အသက် (၃၈) နှစ် အရွယ်ရှိ အမျိုးသားတစ်ဦးတို့တွင် (မည်သူ့တွင်မှ) 2019 Novel Coronavirus ဗိုင်းရပ်(စ်) ရောဂါပိုး မရှိကြောင်း (မရှိကြောင်း) ကို စစ်ဆေးတွေ့ရှိခဲ့မှု ရည်ညွှန်းဓာတ်ခွဲခန်းမှပြန်ကြားလာခဲ့ပါသည်။
(ခ) သက်ဆိုင်ရာဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှုခံယူနေသော ကျန်လူနာများ၏ ဓာတ်ခွဲ စစ်ဆေးမှုအဖြေ သတင်းများရရှိပါက ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။
Ref; Ministry of Health and Sports, Myanmar