Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး ဧရာဝတီတိုင်းဒေသကြီး အတွင်း လမ်း၊ တံတား တည်ဆောက် ရေးလုပ်ငန်းများနှင့် ရန်ကုန် - မန္တလေး အမြန်လမ်း ပြုပြင်ထိန်းသိမ်းထားရှိမှု တို့ကို ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ မေ ၁၁ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် မေ ၉ ရက် ညနေပိုင်းတွင် သံတွဲ-ဂွ-ငါးသိုင်းချောင်း လမ်း (ဂွ-ငါးသိုင်းချောင်း အပိုင်း) တွင် ဧရာဝတီတိုင်းဒေသကြီး၊ လမ်းဦးစီးဌာန၊ လမ်းအထူးအဖွဲ့ (၂၀)မှ ရေနံ့သာလမ်းဆုံ 0 km မှ ရခိုင်ပြည်နယ်စပ် 35.29 km အထိ (၁၈) ပေ အကျယ်ကွန်ကရစ် လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် အတက် အဆင်း မတ်စောက်သည့် လမ်းကွေ့နေရာတွင် သတ်မှတ်လမ်းအင်္ဂါရပ်များနှင့်အညီ လုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ကုန်ကားကြီးများနှင့် ခရီးသည် Express ကားကြီးများ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် လိုအပ်သည့်နေရာများတွင် Guard Rail များ၊ Guard Post တိုင်များနှင့် လမ်းနယ်သစ်ပင်ကြီးများ စနစ်တကျ စိုက်ပျိုးပေးရန် တာဝန်ရှိသူများကို မှာကြား သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ကို ဧရာဝတီတိုင်းဒေသကြီး လမ်းစခန်းရှင်းလင်း ဆောင်တွင် လမ်းဦးစီးဌာန၊ လမ်းအထူးအဖွဲ့(၂၀)မှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝင်းကျော်အောင် က လုပ်ငန်းဆောင်ရွက်မှုများကို ဖြည့်စွက်ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ် ချက်များမှာကြားပြီး ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုတို့ကို လမ်းတစ် လျှောက် ကြည့်ရှုစစ်ဆေးသည်။ ရခိုင်ပြည်နယ်၏ အဓိက ဝင်ပေါက်/ထွက်ပေါက်များဖြစ်သည့် မင်းဘူး-အမ်း-စစ်တွေလမ်း၊ ပြည် - ပန်းတောင်း - တောင်ကုတ်လမ်းနှင့် ငါးသိုင်းချောင်း - ဂွ - သံတွဲလမ်း(၃)လမ်းရှိသည့်အနက် ဧရာဝတီ တိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမှ ရခိုင်ပြည်နယ်၊ ဂွမြို့သို့ ဝင်ရောက်နိုင်သည့် ငါးသိုင်းချောင်း-ဂွ-သံတွဲလမ်းသည် ကုန်စည်စီးဆင်းမှုတို့တွင် အဓိကအရေးပါသော လမ်းတစ်လမ်းဖြစ်သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာနမှ ဆောင်ရွက်သော ရေကြည်မြို့နယ်၊ ရန်မျိုးအောင်- ရုံးတုံး - အစုကြီး - ရွှေနံ့သာလမ်း အရှည် (၉)မိုင် (၂) ဖာလုံရှိသည့်အနက် (၁)မိုင် (၆)ဖာလုံကို ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင် ရွက်နေမှု အခြေအနေတို့ကိုလည်းကောင်း၊ ပုသိမ်ခရိုင် ရေကြည်မြို့နယ်တွင် ဧရာဝတီတိုင်းဒေသ ကြီးရန်ပုံငွေဖြင့်ဆောင်ရွက်ပြီးစီးခဲ့သည့်အရှည်ပေ (၂၀၀) ဆင်ကူးကွန်ကရစ်တံတား တည်ဆောက် ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-ပုသိမ်လမ်းပေါ်ရှိ ဧရာဝတီမြစ်ကူး ဗိုလ်မြတ်ထွန်း တံတားသံမဏိကိုယ်ထည် အောက်ပိုင်းပြင်ဆင်ခြင်း၊ ဆေးမှုတ်ခြင်းနှင့်တံတားအပေါ်ထည် သံပေါင်များ ဆေးမှုတ်ခြင်းတို့ကို ခေတ်မီနည်းပညာ၊ စက်ပစ္စည်းများအသုံးပြု၍ ဆောင်ရွက်နေခြင်းကို ကြည့်ရှု စစ်ဆေးသည်။ ဆက်လက်၍ ရန်ကုန်-ပုသိမ်လမ်း၊ ဧရာဝတီတိုင်းဒေသကြီး ဗိုလ်မြတ်ထွန်း တံတားမှ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာအထိ ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင် ရွက်ပြီးစီးမှု၊ ခရီးသွား ပြည်သူများ သွားလာရေးအဆင်ပြေစေရန်နှင့် ယာဉ်အန္တရာယ်ကင်းရှင်း စေရန် လမ်းညွှန်ဆိုင်းဘုတ်များ၊ သတိပေး၊ အသိပေးဆိုင်းဘုတ်များဆောင်ရွက်ထားရှိမှုတို့ကို လမ်းတစ် လျှောက် ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မေ (၁၀)ရက် နံနက်ပိုင်းတွင် ရန်ကုန် - နေပြည် တော် - မန္တလေးအမြန်လမ်း (ရန်ကုန်-နေပြည်တော်အပိုင်း)တွင် အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင် ရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှ ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် Guard Rail များဆောင်ရွက်ထားရှိမှု၊ ယာဉ်အန္တရာယ်လျော့နည်း ကင်းရှင်းစေရေး လမ်းလယ်ကျွန်းအား Depressed Median အဖြစ် ပြန်လည်ပြုပြင်နေမှု၊ လမ်းဘေး ဝဲယာ လေကာပင်များ၊ အရိပ်ရသစ်ပင်များ စိုက်ပျိုးထားရှိမှုတို့ကို လမ်းတစ်လျှောက် ကြည့်ရှု စစ်ဆေးသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိုင်တိုင်အမှတ်( ၃၂/၀ နှင့် ၃၂ /၁) ကြားတွင် အရှည် ပေ (၆၀) ကွန်ကရစ်တံတားကို လက်ရှိ(၂)လမ်းသွားတံတားမှ (၄)လမ်းသွားတံတား အဆင့်သို့ တိုးချဲ့တည်ဆောက်မည့် အခြေအနေတို့ကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက အမြန်လမ်းတံတားများအား(၂) လမ်းသွားတံတားအဆင့်မှ (၄)လမ်းသွားတံတားများ အဖြစ် အဆင့်တိုးမြှင့်တည်ဆောက်သွားရန်ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ တိုးချဲ့ တည်ဆောက် နေသည့် တံတားများအရည်အသွေးပြည့်မီရေး အလေးထားဆောင်ရွက်ရန်လိုပါကြောင်း၊ လက်ရှိတံတားများ၏ ကြံ့ခိုင်မှုအပိုင်းကိုလည်း အမြဲမပြတ် စစ်ဆေးပေးရန်လိုပါကြောင်း မှာကြား သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိုင်တိုင်အမှတ် (၃၉/၂ နှင့် ၃၉/၃) ကြား အရှည် ပေ(၄၀) Under Pass ကို လည်းကောင်း၊ မိုင်တိုင်အမှတ် (၄၅/၂ နှင့် ၄၅/၃) ကြားတွင် တံတားဦးစီးဌာန တံတားအထူးအဖွဲ့ (၁၀) မှ ကြတ်ချောင်းလက်တက်တံတား အဆင့်မြင့်တည်ဆောက်နေမှု အခြေ အနေတို့ကိုလည်းကောင်း၊ မိုင်တိုင်အမှတ် (၇၅/၇ နှင့် ၇၆/၀) ကြားရှိ အရှည်ပေ (၄၅၀) ကျန်ကျောင်း တံတား (အသွားလမ်း) တိုးချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လုပ်ငန်းလိုအပ်ချက်များမှာကြားသည်။ ရန်ကုန်- နေပြည်တော်- မန္တလေး အမြန်လမ်းသည် ရန်ကုန်မှ မန္တလေးအထိ (၃၆၆/၃) မိုင်ရှည်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှ ပြင်ဆင်ထိန်းသိမ်းခြင်း၊ကွန်ကရစ်လမ်းအဆင့်မှ ကတ္တရာကွန်ကရစ်(AC)လမ်း အဆင့်ထိ အပိုင်းလိုက် အဆင့်မြှင့်တင်ဆောင်ရွက်ခြင်း ၊ ခရီးသွားပြည်သူများ ယာဉ်အန္တရာယ် ၊ လမ်း အန္တရာယ်ကင်းရှင်းရေးအတွက် Guard Rail များ၊ သတိပေး၊ အသိပေး၊ လမ်းညွှန်ဆိုင်းဘုတ်များ ဆောင်ရွက်လျက်ရှိသည်။ အလားတူ တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့များနှင့် တံတားပြင်ဆင်ထိန်းသိမ်းရေး အဖွဲ့များမှ ရန်ကုန်- နေပြည်တော်- မန္တလေးအမြန်လမ်း (အသွား/အပြန်) လမ်းပေါ်ရှိ (၂)လမ်းသွား တံတားမှ (၄)လမ်းသွားတံတားအဖြစ် အဆင့်မြှင့်တင်တည်ဆောက်ခြင်းနှင့် ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်း များကို ဆောင်ရွက်လျက်ရှိသည်။ထိုသို့ ဆောင်ရွက်ခြင်းဖြင့် ခရီးသွားပြည်သူများ သွားလာရေး လွယ်ကူအဆင်ပြေမည်ဖြစ်ပြီး ယာဉ်အန္တရာယ်ဖြစ်ပွားမှုလည်း နှစ်စဉ်လျော့နည်း သက်သာ လာလျက်ရှိသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား လမ်းစခန်းရှင်းလင်းဆောင်တွင် တံတားဦးစီးဌာန၊ အမြန် လမ်းတံတားများတိုးချဲ့ရေးကြီးကြပ်မှုအဖွဲ့နှင့် လမ်းဦးစီးဌာန၊ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့တို့မှ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးသည် ရန်ကုန်မှ နေပြည်တော်နှင့် မန္တလေးသို့ အချိန်တိုအတွင်း အလွယ်တကူ အပြန်အလှန် ဆက်သွယ်သွားလာနိုင်သည့် အရေးပါသော နိုင်ငံ့လမ်းမကြီးတစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံတကာ စံနှုန်းနှင့်အညီ ကွန်ကရစ်လမ်းမှ (AC)လမ်း အဆင့်မြှင့်တင်ခြင်းနှင့် ယခုအခါ တံတားများ ကိုလည်း (၂)လမ်းသွားတံတားမှ (၄)လမ်းသွားတံတားများအဖြစ် အဆင့်မြှင့်တင်တည်ဆောက်နေ ပါကြောင်း၊ ယခုကဲ့သို့ လမ်း၊ တံတားများ အဆင့်မြှင့်တင်ဆောင်ရွက်ပေးခြင်းဖြင့် ယာဉ်အန္တရာယ် ဖြစ်ပွားမှု လျော့နည်းလာလျက်ရှိပါကြောင်း၊ လမ်းအင်္ဂါရပ်နှင့်အညီ အရည်အသွေး စံချိန်စံညွန်း ပြည့်မီရေး ၊ လမ်းနယ်တိုင်များ စနစ်တကျ စိုက်ထူရေး ၊ လမ်းဘေးရေနုတ်မြောင်းများ ဆောင်ရွက်ရေး ၊ ရဲနွယ်မှ ဖြူးအကြားတွင် လမ်းဘေးနှင့် လမ်းနယ်သစ်ပင်များ ထပ်မံစိုက်ပျိုးပေးရေးတို့ကို အလေး ထားဆောင်ရွက်ရန် မှာကြားသည်။ (သတင်းစဉ်)