နေပြည်တော် ဖေဖော်ဝါရီ ၁၀
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် နိုင်ငံတကာအစိုးရရှေ့နေ အသင်းဥက္ကဋ္ဌ Dr. Cheol-kyu Hwang နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၄ နာရီ ၁၄ မိနစ် တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဆောင်ရွက်နေသည့် လုပ်ငန်းတာဝန် များ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စ၊ ကိုရီးယားဥပဒေပြုရေး ဝန်ကြီးဌာန၊ ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (KOICA)နှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်ကိစ္စ၊ ကိုရီးယားသမ္မတနိုင်ငံ ရှေ့နေချုပ်ရုံးနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့ အကြား ပူးပေါင်းဆောင်ရွက်မည့်ကိစ္စများနှင့် နိုင်ငံတကာ အစိုးရရှေ့နေအသင်းနှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးတို့အကြား ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးကြသည်။
(သတင်းစဉ်)