Skip to main content

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသော သိမှတ်ဖွယ်ရာ ဗဟုသုတအဖြာဖြာ (၂၀၂၁) ထွက်ပြီ

နေပြည်တော် ဇွန် ၁၇ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ထုတ်ဝေသည့် “သိမှတ်ဖွယ်ရာ ဗဟုသုတ အဖြာဖြာ (၂၀၂၁)” စာအုပ်သည် ပြည်သူများ အသိဉာဏ်ဗဟုသုတပြည့်စုံစေရန်၊ ရာထူးဝင် စာမေးပွဲများ၊ ပြန်တမ်းဝင်ခွင့်စာမေးပွဲများ ဖြေဆိုရာတွင် အထောက်အကူဖြစ်စေရန်နှင့် အခြားသိရှိ လိုသည့် အချက်အလက်များကို တစ်စုတစ်စည်းတည်း ရှာဖွေလေ့လာဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ ၂၀၀၈ ခုနှစ်မှ စတင်ကာ နှစ်စဉ်ထုတ်ဝေခဲ့သော စာအုပ်ဖြစ်ပါသည်။ ယခု ၂၀၂၁ ခုနှစ်ထုတ်စာအုပ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ မိန့်ခွန်းကောက်နုတ်ချက်များနှင့် သဝဏ်လွှာ ကောက်နုတ်ချက်များ၊ မြန်မာ့ရေးရာနှင့်ပတ်သက်သည့် အချက်အလက်များ၊ နိုင်ငံ တကာရေးရာ သိမှတ်ဖွယ်ရာများ၊ သံတမန်ရေးရာသိမှတ်ဖွယ်ရာများ၊ ကမ္ဘာ့အထွေထွေသိမှတ် ဖွယ်ရာများ၊ ကျန်းမာရေးဆိုင်ရာ သိမှတ်ဖွယ်ရာများနှင့် အခြားသိမှတ်ဖွယ်ရာများနှင့်ပတ်သက်၍ နောက်ဆုံးအခြေအနေများကို ထည့်သွင်းဖြည့်စွက်ထားပါသည်။ ထို့ပြင် နိုင်ငံ့ဝန်ထမ်းလျှောက်ထားခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာအချက်အလက်များနှင့် ကျန်းမာရေး ဆိုင်ရာ သိမှတ်ဖွယ်ရာများလည်း ပါရှိသည့်အတွက် ဗဟုသုတရှာမှီးလိုသူများ၊ ရာထူးဝင်စာမေးပွဲ ဖြေဆိုမည့်သူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများ လက်ကိုင် ထားသင့်သည့် စာအုပ်ဖြစ်သည့်အပြင် အနာဂတ်နိုင်ငံတော်အတွက် လူချွန်လူကောင်းများ၊ ခေါင်းဆောင် ကောင်းများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ ပေါ်ထွန်းလာစေရေးအတွက် အထောက်အကူ ပြုမည့် စာအုပ်ဖြစ်သဖြင့် အိမ်တိုင်းရှိ စာအုပ်စင်တိုင်းတွင် ဆောင်ထားသင့်သည့် စာအုပ်ဖြစ်သည်။ ယင်းစာအုပ်ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ၂၀၂၁ ခုနှစ်၊ ဇွန်လ၌ ထုတ်ဝေပြီး တစ်အုပ်လျှင် ငွေကျပ် (၄၅၀၀) နှုန်းဖြင့် နေပြည်တော်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ထုတ်လုပ်ရေးဌာနခွဲ၊ ဖုန်း ၀၆၇-၃၄၁၂၃၇၁ နှင့် စာပေဗိမာန်အရောင်းဆိုင်တို့တွင် လည်းကောင်း၊ ရန်ကုန်မြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ထုတ်လုပ်ရေး ဌာနခွဲ၊ အမှတ် (၂၂၈) သိမ်ဖြူလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ဖုန်း ၀၁-၈၂၀၁၉၃၆၊ ၀၁-၈၃၇၁၃၄၀၊ စာပေဗိမာန်အရောင်းဆိုင်များ၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း စာအုပ်အရောင်းဆိုင်နှင့် အမြို့မြို့ အနယ်နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများတွင်လည်းကောင်း ဝယ်ယူနိုင်ပြီ ဖြစ်ပါသည်။