Skip to main content

ဂျပန်နိုင်ငံမှကြီးမှူး၍ Online ဖြင့်ကျင်းပခဲ့သော Seminar on Economic Policies 2021 သို့ တက်ရောက်ခဲ့မှုနှင့်စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် ဇွန် ၁၇

 

ဂျပန်နိုင်ငံမှကြီးမှူး၍ Online ဖြင့်ကျင်းပခဲ့သော Seminar on Economic Policies 2021 အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့မှုနှင့်စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံး မှန်းခြေငွေစာရင်းဦးစီးဌာန၊ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှု သင်တန်း ကျောင်း၌ ယနေ့ နံနက် ၉ နာရီတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ် ထိန်းချုပ်ရေး စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ကျင်းပသည်။

 

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က သဘာပတိအဖြစ်ဆောင်ရွက်ပြီး “ပြည်သူ့အသုံးစရိတ်စီမံခန့်ခွဲမှု၊ အခွန် မူဝါဒ၊ ဘဏ္ဍာရေးမူဝါဒနှင့် ငွေကြေး မူဝါဒ၊ COVID-19 နှင့်စီးပွားရေးစိန်ခေါ်မှု” နယ်ပယ်များတွင် ဂျပန်နိုင်ငံ ၏ ဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံအနေဖြင့် ဆောင်ရွက်သင့်သည့် မူဝါဒရေးရာ အကြံပြုချက်များကို စုပေါင်းဆွေးနွေးသည်။

 

အလုပ်ရုံဆွေးနွေးပွဲ၌ Seminar on Economic Policies 2021 သို့ တက်ရောက် ခဲ့သည့် ရသုံး မှန်းခြေငွေစာရင်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးဒေါ်စုစုမော်က အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် အခြေအနေ နှင့် ဂျပန်နိုင်ငံ၏ မူဝါဒရေးရာ ဆောင်ရွက်ချက် များကို ရှင်းလင်းဆွေးနွေးတင်ပြရာ တက်ရောက်သူများမှ အုပ်စုအလိုက် ခွဲခြားဆွေးနွေး ကြပြီး အကြံပြု သုံးသပ်ချက်များ ဖော်ထုတ်ခဲ့သည်။ အုပ်စုအလိုက် ခွဲခြား ဆွေးနွေးရာတွင် ဂျပန်နိုင်ငံ၏အတွေ့အကြုံများ အပေါ်အခြေခံ၍ မြန်မာ နိုင်ငံ၏ ပြည်သူ့အသုံးစရိတ်စီမံခန့်ခွဲမှု၊ အခွန်မူဝါဒ၊ ဘဏ္ဍာရေးမူဝါဒနှင့် ငွေကြေး မူဝါဒ၊ COVID-19 နှင့် စီးပွားရေးစိန်ခေါ်မှု” တို့နှင့် စပ်လျဉ်း၍ အုပ်စု (၄) စုဖွဲ့၍ အုပ်စုအလိုက် ဆွေးနွေးခြင်း၊ အုပ်စု အလိုက် ဖော်ထုတ်ရရှိသောအကြံပြုချက်များကို ရှင်းလင်းတင်ပြခြင်းများ ဆောင်ရွက်ကြရာ အလုပ်ရုံဆွေးနွေးပွဲ သဘာပတိဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းက အုပ်စုအလိုက် ဆွေးနွေးတင်ပြမှုများအပေါ် စုစည်းသုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)