Skip to main content

2019-nCoV acute respiratory diseases ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ယနေ့နေ့လယ်၁နာရီအချိန်ထုတ်ပြန်ချက်

နေပြည်တော် ဖေဖော်ဝါရီ ၁၁

2019-nCoV acute respiratory diseases ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ယနေ့နေ့လယ် ၁နာရီတွင် သတင်းထုတ်ပြန်သည်။

 ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် 2019-nCoV လတ်တလောအသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှမှုနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန် အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်အထိ သံသယလူနာ (၁) ဦးအပါအဝင် လူနာ (၂၀) ဦး တို့အား ဆေးရုံများတွင် ဆက်လက်၍ စောင့်ကြပ်ကြည့်ရှုကုသမှုပေးခဲ့ကြောင်း၊

 အဆိုပါ စောင့်ကြပ်ကြည့်ရှုကုသမှုခံယူနေသော လူနာများအနက် -

ရန်ကင်းကလေးဆေးရုံမှ အသက်(၂၄) နှစ်အရွယ် အမျိုးသမီးတစ်ဦး ၊

ရန်ကင်းကလေးဆေးရုံမှ အသက်(၂) နှစ်အရွယ် ကလေး (ကျား) တစ်ဦး၊

နမ္မတူမြို့နယ်ဆေးရုံမှ အသက်(၄၅)နှစ်အရွယ် အမျိုးသားတစ်ဦး၊

ဝေဘာဂီအထူးကုဆေးရုံကြီးမှ အသက်(၂၈)နှစ်အရွယ် အမျိုးသားတစ်ဦး ၊                                   

လပွတ္တာပြည်သူ့ဆေးရုံမှ အသက် (၃၃)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊

လပွတ္တာပြည်သူ့ဆေးရုံမှ အသက် (၅၁)နှစ်အရွယ် အမျိုးသားတစ်ဦး စုစုပေါင်း လူနာ(၆)ဦးတို့၏ ဓာတ်ခွဲ အဖြေများတွင် 2019 Novel Coronavirus ဗိုင်းရပ်(စ်)ရောဂါပိုး မရှိပါကြောင်း (မရှိကြောင်း)ကို ယနေ့ နံနက်ပိုင်း၌ ရည်ညွှန်းဓာတ်ခွဲခန်းမှ ပြန်ကြား လာခဲ့ကြောင်း၊

သက်ဆိုင်ရာဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှုခံယူနေသော ကျန်လူနာများ၏ဓါတ်ခွဲ စစ်ဆေးမှု အဖြေသတင်းများရရှိပါက ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

(MoI)