Skip to main content

စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုပြပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် Stakeholders’ Meeting တွင် အကြိုကျင်းပသော အစည်းအဝေးသို့ စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် တက်ရောက်အမှာစကားပြောကြား

မုံရွာ  ဖေဖော်ဝါရီ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုပြပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် Stakeholders’ Meeting တွင် အကြိုကျင်းပသော အကျိုးသက်ဆိုင်သူများ အစည်းအဝေးကို ယမန်နေ့ နံနက် (၉) နာရီခွဲက စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က အမှာစကားပြောကြားရာတွင် “ဒီနေ့ပြုလုပ်တဲ့ ဆွေးနွေးပွဲရဲ့ ရည်ရွယ်ချက်ကတော့ ၂၀၂၀ ပြည့်နှစ် မတ်လ (၂၃) ရက်နေ့မှ (၂၄) ရက်နေ့အထိ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ မြို့တော်ခန်းမမှာ ကျင်းပပြုလုပ်မဲ့ စစ်ကိုင်းတိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှုပြပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရန်အတွက် အကြိုညှိနှိုင်းတဲ့ပွဲ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် တိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် ပုဂ္ဂလိက ကဏ္ဍတို့ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ပါက လျင်လျင်မြန်မြန် အရှိန် အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်နိုင်မယ်လို့ ယုံကြည်ပါကြောင်း။

မိမိတို့တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ပေါ်ပေါက်လာပြီးတဲ့နောက် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ပေါင်း (၃၄) ခု အတည်ပြုမိန့်ထုတ်ပေးနိုင်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ( ၆ ဒသမ ၄၀၆၂) သန်းအပါအဝင် မြန်မာကျပ်ငွေ (၄၀၃၆၄) သန်းခန့် လာရောက်လုပ်ကိုင်နေပြီ ဖြစ်ပါ ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုများ ပိုမိုစီးဝင် လာစေရေးအတွက် စစ်ကိုင်းမြို့၊ ရွှေဘိုမြို့၊ မုံရွာမြို့နှင့် ကလေးမြို့များတွင် SMEs လုပ်ငန်းရှင် များအား ဖိတ်ကြား၍ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအခွင့်အလမ်းများ ရှင်းလင်းဆွေးနွေးပေးခြင်း၊ ၂၀၁၉ ခုနှစ် နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် Investment Myanmar Summit နှင့် Myanmar Global Investment Forum ပွဲများတွင်  ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအခွင့်အလမ်းများ ပြသနိုင်ခဲ့သဖြင့် စစ်ကိုင်းဆိပ်ကမ်းနှင့် မြို့ပြဖွံ့ဖြိုးမှုစီမံကိန်း၊ ကလေးဝမြို့မှာရှိတဲ့ ကျောက်မီးသွေး၊ လျှပ်စစ် ဓာတ်အားပေးစီမံကိန်းတွေ၊ ကလေးမြို့ အင်ဒိုင်းကြီးမှာရှိတဲ့ ဘိလပ်မြေစက်ရုံ စီမံကိန်းတွေတို့ တိုင်းဒေသကြီးအတွင်းမှာ ပေါ်ပေါက်ဖို့ အခွင့်အလမ်းတွေ ဖြစ်လာပါကြောင်း။

ရင်းနှီးမြှုပ်နှံမှုပြပွဲကို (၂)ရက် ပြုလုပ်မှာဖြစ်တဲ့အတွက် လာမည့် မတ်လ(၂၃)ရက် ပထမရက်မှာ Presentation များ၊ Panel Discussion များ၊ အမေးအဖြေများကို ကဏ္ဍအလိုက် အလားအလာရှိတဲ့ ရင်းနှီးမြှုပ်နှံမှု ပြခန်းများ၊ ပြည်တွင်းပြည်ပလုပ်ငန်းရှင်များနှင့် ချိတ်ဆက်နိုင်သည့် အရည်အသွေး ရှိသည့် ထုတ်ကုန်ပြခန်းများ ခင်းကျင်းပြသခြင်းနှင့် စိတ်ဝင်တစားရှိသော စီးပွားရေးလုပ်ငန်းရှင် များနှင့် Business Matching များပြုလုပ်မည်ဖြစ်ပြီး မတ်လ(၂၄)ရက်နေ့တွင် Site Visit လှည့်လည် ကြည့်ရှုသွားမှာ ဖြစ်ပါကြောင်း၊ ပြခန်းပြလိုသူများ Business Matching တွင် ပါဝင်လိုသူများ အနေဖြင့် DICA Monywa ရုံးသို့ ဆက်သွယ်စာရင်းပေးနိုင်ပါကြောင်းနှင့် အကျိုးသက်ဆိုင်သူများ အားလုံးကို ရင်းနှီးမြှုပ်နှံမှုပြပွဲသို့ တက်ရောက်စေလိုပါကြောင်း၊ ဝိုင်းဝန်းကူညီ ပြုလုပ်ဆောင်ရွက် ပေးသော MIC, DICA နှင့် MSRမှ တာဝန်ရှိသူများကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း၊ ဆက်လက်ပြီးတော့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းကောင်း တွေကို တစ်ဖက်တစ်လမ်းမှ ကောက်ယူ ဖော်ထုတ်ပေးသော အဖွဲ့အားလုံးကိုလည်း အထူး ကျေးဇူးတင်ရှိပါကြောင်း”ပြောကြားသည်။

ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဦးနှင့် စစ်ကိုင်းတိုင်းဒေသကြီး ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးမျိုးမင်းတို့က အသီးသီးအမှာစကားများ ပြောကြားသည်။

ယင်းနောက် ဒုတိယသုတေသနညွှန်းကြားရေးမှူး ဦးဉာဏစိုးက စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုပြပွဲ အကောင်အထည်ဖော်မည့် အစီအစဉ်များကိုလည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ ဦးရဲညွန့် မြန်မာဆာဗေးသုတေသန ကုမ္ပဏီမှ စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု စစ်တမ်းသုနေသန၏ ကနဦးလေ့လာတွေ့ရှိချက်များအားလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြရာ တက်ရောက် လာကြသူများမှလည်း ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးဦးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းကိုကို(ယင်းမာပင်)