နေပြည်တော် ဖေဖော်ဝါရီ ၁၁
ဝန်ထမ်းများ အချင်းချင်းစည်းလုံးညီညွတ်မှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် အသင်းအဖွဲ့ စိတ်ဓာတ် ပိုမိုရရှိစေရန် ရည်ရွယ်၍ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ဒုတိယအကြိမ် ထမနဲထိုးပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန၌ စည်ကားသိုက်မြိုက်စွာ ကျင်းပရာ ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများ မှ ဝန်ထမ်း မိသားစုများ ပါဝင်သည့် ပြိုင်ပွဲဝင်အဖွဲ့ (၃) ဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
အဆိုပါ ထမနဲထိုးပြိုင်ပွဲတွင် ဖျော်ဖြေရေး အစီအစဉ်များ ပါဝင်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း က တက်ရောက်အားပေးစကား ပြောကြားကာ ပြိုင်ပွဲတွင် အနိုင်ရရှိသော အဖွဲ့များကို ဆုများ ချီးမြှင့်သည်။
(သတင်းစဉ်)