Skip to main content

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း (၇၃)နှစ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနားသို့တက်ရောက်

ပဲခူး     ဖေဖေါ်ဝါရီ ၁၂

၂၀၂၀ ပြည့်နှစ်၊ ဖေဖေါ်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်သည့် (၇၃)နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနားကို  ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ ရွှေမော်ဓောအနောက်ဖက်မုခ် ယာဉ်ရပ်နားကွင်း၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ နံနက် ၅နာရီခွဲ အချိန်တွင် ဂုဏ်ပြုတပ်ဖွဲ့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား စင်မြင့်ပေါ်ရှိ တိုင်ထိပ်တွင်လွှင့်တင်ကြပြီး နိုင်ငံတော်အလံအား အလေးပြုကြသည်။ 

ဆက်လက်၍ နံနက် ၇ နာရီအချိန်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်ထံမှ ပေးပို့သော (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာအား ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းကဖတ်ကြား၍ တတ်ရောက်လာသော ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပါတီအဖွဲ့အစည်းများ၊ တိုင်းရင်းသားလူမျိုးများ၊ မြို့မိမြို့ဖများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ ဒေသခံပြည်သူများတတ်ရောက်ပြီး နိုင်ငံတော်အလံအား အလေးပြုခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် ဌာနဆိုင်ရာပြခန်းများ၊ တိုင်းရင်းသားရိုးရာနှင့်မြန်မာ့ရိုးရာအစားအသောက်ပြခန်းများ ခင်းကျင်းပြသထားကြောင်းသိရသည်။

ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက (၇၃)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် "သတင်းစကား "လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ဟိန်းထက်(ပဲခူး)