Skip to main content

မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအေးဇံ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်

မော်လမြိုင်      ဖေဖော်ဝါရီ       ၁၂

(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံအလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ယနေ့နံနက် ၇ နာရီက မော်လမြိုင်မြို့ မောရဝတီပန်းခြံ၌ ကျင်းပရာ  မွန်ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊  ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများနှင့် ပြည်သူများတက်ရောက်ကြသည်။

အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို အလေးပြုကြပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့ သော (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာကို ပြည်နယ်ဝန်ကြီးချုပ်  ဒေါက်တာအေးဇံက ဖတ်ကြားခဲ့ကြောင်းသိရသည်။

ဝေလင်း(ပြန်/ဆက်)