Skip to main content

ရှားပါးအထောက်အထားများပြပွဲနှင့် သုတေသနစာတမ်းဖတ်ပွဲ ကျင်းပပြုလုပ်မည်

နေပြည်တော်  ဇန်နဝါရီ ၃

သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ အမျိုးသားစာကြည့်တိုက် (ရန်ကုန်) အမှတ်(၆၀၄၊ ၆၀၈)၊ ကုန်သည်လမ်း၊ (၃၁-၃၂)လမ်းကြား၊ ပန်းပဲတန်းမြို့နယ်၊ ရန်ကုန်မြို့တွင် ဇန်နဝါရီ ၉ ရက်မှ ၁၁ ရက်အထိ ရှားပါးအထောက်အထားများပြပွဲကို နေ့စဉ် နံနက် ၁ဝ နာရီမှ မွန်းလွဲ ၃ နာရီအထိ ခင်းကျင်းပြသသွားမည်ဖြစ်သည်။

ထို့အတူ “New Views, Fresh Finds”သုတေသနစာတမ်းဖတ်ပွဲကိုလည်း ဇန်နဝါရီ ၁၀ ရက် နံနက် ၉ နာရီခွဲမှ မွန်းလွဲ ၃ နာရီခွဲအထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာသမိုင်းအဖွဲ့ပညာရှင် ဆရာကြီးများဖြစ်သည့် ဒေါက်တာခင်မောင်ညွန့်၊ ဒေါက်တာသော်ကောင်း၊ ဦးထွန်းအောင်ချိန်နှင့် ဦးစိုင်းအောင်ထွန်း တို့က သုတေသနစာတမ်းများ ဖတ်ကြားသွားကြမည်ဖြစ်သည်။

သို့ဖြစ်၍ ရှားပါးအထောက်အထားများပြပွဲနှင့် သုတေသနစာတမ်းဖတ်ပွဲ အခမ်း အနားများသို့ စိတ်ပါဝင်စားသူမည်သူမဆို အခမဲ့တက်ရောက်လေ့လာနိုင်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)