Skip to main content

မန္တလေး၊ မဟာအောင်မြေမြို့နယ်တွင် မီးလောင်မှုဖြစ်ပွားကာ ကလေး တစ်ဦး သေဆုံး

 

မန္တလေး၊ ဖေဖော်ဝါရီ ၁၃

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ အကွက် (၃၂၃) ၃၅လမ်းထောင့် ၊ အကွက် (၃၂၃) ဂေါဝန်ရပ်၊ စိန်ပန်းရပ်ကွက် ကမ်းနားလမ်းရှိ စည်ပင် သန့်ရှင်းရေး ဝန်ထမ်းလိုင်းခန်းတွင် ယနေ့ နံနက်ပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကလေးတစ်ဦး သေဆုံးခဲ့သည်။

ဖြစ်စဉ်မှာ  အသက် ၉ နှစ်အရွယ် ကျောင်းသားတစ်ဦး ထင်းမီးဖြင့် ထမင်းအိုး တည်ရာမှ အနီးရှိ ထရံသို့ ကူးဆက်ကာ မီးစတင် လောင်ကျွမ်းခဲ့ပြီး မီးလောင်မှုကြောင့် စည်ပင်သန့်ရှင်းရေး ဝန်ထမ်းလိုင်းခန်း သွပ်မိုးထရံကာ မြေစိုက် ၁၀ လုံးနှင့် ၅ နှစ်အရွယ် မိန်းကလေးတစ်ဦး မီးလောင် သေဆုံးခဲ့သည်။

အဆိုပါ မီးလောင်မှုသည် နံနက် ၇ နာရီ ၂၂မိနစ်တွင် စတင်လောင်ကျွမ်းပြီး နံနက် ၇ နာရီ ၃၅ မိနစ်ခန့်တွင် ငြှိမ်းသတ်နိုင်ခဲ့ကြောင်းနှင့် Level 2 အဆင့်ရှိပြီး မီးသတ်ယာဉ် ၂၅စီး၊ အုပ်ချုပ်မှုယာဉ် ၃စီး၊ ရေသယ်ယာဉ် ၅စီး၊ သန္ဓေ ၅၀ ဦး၊ အရံ ၁၀၀ဦးဖြင့် ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

တင်ဇာလှိုင် (ပြန်ဆက်)