Skip to main content

အဋ္ဌမအကြိမ်မြောက် မြန်မာမီဒီယာ ဖွံ့ဖြိုးတိုးတက်မှုညီလာခံအောင်မြင်စွာ ကျင်းပနိုင်ရေး တွေ့ဆုံဆွေးနွေး

နေပြည်တော် ဖေဖော်ဝါရီ ၁၃

အဋ္ဌမအကြိမ်မြောက် မြန်မာမီဒီယာဖွံ့ဖြိုးတိုးတက်မှုညီလာခံ (8th Myanmar Media Development Conference) အောင်မြင်စွာ ကျင်းပနိုင်ရေးတွေ့ဆုံ ဆွေးနွေးပွဲ ကို  ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

တွေ့ဆုံပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း ၊ အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင် နှင့် ညွှန်ကြားရေးမှူးချုပ်များ ၊ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီ၊ UNESCO ၊ IMF / Fojo ၊ DW Akademie ၊  BBC Media Action ၊ Internews ၊ JICA ၊ MYPOL တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။          

တွေ့ဆုံပွဲတွင် အဋ္ဌမအကြိမ်မြောက် မြန်မာမီဒီယာဖွံ့ဖြိုးတိုးတက်မှုညီလာခံ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ညီလာခံတွင် အဓိကထား၍ ဆွေးနွေးမည့် ခေါင်းစဉ်များ၊ ထည့်သွင်းဆွေးနွေးမည့် အကြောင်းအရာများနှင့် ညီလာခံကျင်းပမည့်ရက် လျာထားစီစဉ်ဆောင်ရွက်မှုတို့ကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြသည်။

(သတင်းစဉ်)