Skip to main content

ရွှေသွေးဂျာနယ်ထွက်ရှိ

နေပြည်တော် ဖေဖော်ဝါရီ ၁၃

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။

ဖေဖော်ဝါရီ ၁၅ ရက် (စနေနေ့) တွင် ထုတ်ဝေ မည့် ရွှေသွေးဂျာနယ်တွင် တိရစ္ဆာန်ပင်ဖြစ်သော် လည်း သရဏဂုံစိတ်တည်ပြီး သေဆုံးခြင်းကြောင့် နတ်ပြည်တွင် နတ်သားဖြစ်သွားပုံအကြောင်းကို ရေးဖွဲ့ထားသော ကာတွန်း ဝင်းမြင့်အောင်၏ “သရဏဂုံ” မျက်နှာဖုံးဇာတ်လမ်း၊ လူတို့၏အာရုံ ခံစားမှုအကြောင်းကို ဗဟုသုတဖြစ်ဖွယ် တင်ဆက် ထားသည့် ဆရာမ မြင့်စန္ဒာ၏ “ရွှေသွေးသုတ” သုတဆောင်းပါး၊ နီကြောင်၏ လူစွန့်စားတစ်ယောက် ဖြစ်ချင်ပုံအကြောင်းကို ဟာသဖြစ်ဖွယ်ရေးဖွဲ့ထား သည့် “ညီပု” နှစ်မျက်နှာကာတွန်း၊ စိတ်ကောင်း စေတနာကောင်းထားကာ အလုပ်လုပ်ရာမှ သူတော်ကောင်းတို့၏ ကူညီစောင့်ရှောက်ခြင်း ခံရပုံအကြောင်းကို ရေးဖွဲ့ထားသည့် ကလေးတို့ ပုံပြင်အပါအဝင် ရွှေသွေးအင်္ဂလိပ် သဒ္ဒါ၊ ဉာဏ်စမ်း ကဏ္ဍ၊ ကဗျာစုံလင်စွာဖြင့် ရေးဖွဲ့ထားသည့် ဖတ်စရာ မှတ်စရာများပါရှိကြောင်း သိရသည်။

ကြေးမုံ