Skip to main content

ဝါယာရှော့ဖြစ်၍ ကုန်တင်ယာဉ်တစ်စီးမီးလောင်မှု ဖြစ်ပွား

လှိုင်းဘွဲ   ဖေဖော်ဝါရီ  ၁၄

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ထီလုံ-ဘားအံသွား ကားလမ်းမပေါ် နော်သငဲ့ကျေးရွာအနီးတွင် ယနေ့ ညနေ ၄ နာရီ ၂၅ မိနစ်ခန့်တွင် ဝါယာရှော့ဖြစ်၍ (၁၂)ဘီး ကုန်တင်ယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ထီလုံဘက်မှ ဘားအံဘက်သို့ မောင်းနှင်လာသော ကုန်တင်ယာဉ်တစ်စီးသည်  နော်သငဲ့ကျေးရွာအနီး တိုင်အမှတ် ( 14.6KM ) နှင့် ( 14.7KM )အကြား အရောက်တွင် ဝါယာရှော့ဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသဖြင့် လှိုင်းဘွဲမြို့နယ် မီးသတ်ဦးစီးမှူး ဦးမောင်ညွန့် ဦးစီး၍ မီးသတ်တပ်ဖွဲ့ဝင် (၈)ဦး မော်တော်ယာဉ်(၂)စီး၊ ထီလုံနယ်မြေစခန်းမှူး ရဲအုပ် ရဲမင်းထွန့် ဦးစီး၍ တပ်ဖွဲ့ဝင်(၁၀)ဦး၊ ထီလုံကျေးရွာအုပ်ချုပ်ရေးမှူး ဦးခွန်အောင်ဝင်း၊ သမ္ဘာန်ကျေးရွာ စာရေး ဦးစောထွန်းအောင်တို့မှ ပူးပေါင်း၍ မီးငြိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီ ၄၀ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်းနှင့် ယာဉ်မောင်းနှင်သူမှာ ထွက်ပြေးတိမ်းရှောင်နေသဖြင့် စုံစမ်းရှာဖွေလျက်ရှိကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)