Skip to main content

ရခိုင်ပြည်နယ်တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများ ထောက်ပံ့ပေးအပ်

နေပြည်တော် ဖေဖော်ဝါရီ ၁၄

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်           စံညှင်းဝေကျေးရွာအုပ်စု၊ ခမွေချောင်း (ခမီး)ကျေးရွာ အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် ဖေဖော်ဝါရီ ၁၃ ရက် နံနက်ပိုင်း က လက်နက်ကြီးကျည် ကျရောက်သဖြင့် ဒဏ်ရာရရှိခဲ့ကြသော ကျောင်းသူ၊ ကျောင်းသူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်သော အဖွဲ့နှင့်အတူ ဒဏ်ရာရရှိသည့် ကျောင်းသား၊ ကျောင်းသူ (၁၇)ဦးအတွက်  တစ်ဦးလျှင် ငွေကျပ် (၅၀,၀ဝဝိ/) နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ်(၈၅၀,ဝဝဝိ/-)နှင့် ကျားလုံချည် (၁၀)ထည်၊ မလုံချည်(၇)ထည်၊ တီရှပ်(၃၄) ထည်၊ ခြင်ထောင်(၁၇) လုံး၊ စောင်(၁၇) ထည်၊ ဆပ်ပြာ (၁၇) တောင့်၊ တဘက်(၁၇) ထည် တို့အား ယမန်နေ့နှင့် ယနေ့တွင် သွားရောက် ထောက်ပံ့ခဲ့ပြီး ဒဏ်ရာရ ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိသားစုများအား စိတ်လူမှုရေးဆိုင်ရာ နှစ်သိမ့်အားပေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်တွင် ဒဏ်ရာရ ကျောင်းသား၊ ကျောင်းသူ (၁၇)ဦး ရှိခဲ့ပြီး ၎င်းတို့အနက် မခင်မေဦး (၁၁)နှစ် နှင့် မနီခိုင် (၉)နှစ် တို့(၂)ဦးမှာ ဒဏ်ရာရရှိမှု များပြားသဖြင့် ဘူးသီးတောင်မြို့နယ် ပြည်သူ့ ဆေးရုံတွင် အတွင်းလူနာအဖြစ် လည်းကောင်း၊ ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူ (၁၅)ဦး မှာ ဂန္ဓာရီ(ပရဟိတ)ကျောင်းတွင် တည်းခိုနေထိုင်၍ ပြင်ပလူနာအဖြစ် လည်းကောင်း ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)