Skip to main content

Coronavirus Disease 2019 (COVID-19) လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

 (၁၅ -၂-၂၀၂၀ ရက်နေ့၊ နံနက် (၈:၀၀) နာရီ)

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် 2019-nCoV လတ်တလောအသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှမှုနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန် အဟုန်ဖြင့် ဆောင်ရွက် လျက် ရှိရာ ယနေ့ (၁၄-၂-၂၀၂၀) ရက်နေ့၊ ည (၈) နာရီအချိန်အထိ လူနာ (၂၁) ဦး တို့အား ဆေးရုံများတွင် ဆက်လက်၍စောင့်ကြပ်ကြည့်ရှု ကုသမှုပေးခဲ့ပါသည်။

၂။ အဆိုပါ စောင့်ကြပ်ကြည့်ရှုကုသမှုခံယူနေသော လူနာများအနက် -

(၁) တောင်ကြီးစဝ်စံထွန်းပြည်သူ့ဆေးရုံကြီးမှ (၁၉) နှစ် အရွယ် အမျိုးသားတစ်ဦး၊

(၂) ပုတီးကုန်းတိုက်နယ်ဆေးရုံမှ (၃၂) နှစ် အရွယ် အမျိုးသမီးတစ်ဦး၊

(၃) ပုဏ္ဏားကျွန်းမြို့နယ်ဆေးရုံမှ (၁၈) နှစ် အမျိုးသမီးတစ်ဦး၊

(၄) မကွေးပြည်သူ့ဆေးရုံကြီးမှ (၄၅) နှစ် အရွယ် အမျိုးသမီးတစ်ဦး၊

(၅) မန္တလေးပြည်သူ့ဆေးရုံကြီးမှ (၅၃) နှစ် အရွယ် အမျိုးသားတစ်ဦး၊

(၆) မန္တလေးပြည်သူ့ဆေးရုံကြီးမှ (၂၄) နှစ် အရွယ် အမျိုးသမီးတစ်ဦး၊

(၇) ဝေဘာဂီအထူးကုဆေးရုံမှ (၂၉) နှစ် အရွယ် အမျိုးသမီးတစ်ဦး (စင်္ကာပူနိုင်ငံမှ (၅-၂-၂၀၂၀) ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သူ အမျိုးသမီး)

(၈) မောင်တောပြည်သူ့ဆေးရုံမှ (၂၁) နှစ် အရွယ် အမျိုးသားတစ်ဦး၊

(၉) ပေါက်မြို့နယ်ဆေးရုံမှ (၃၄) နှစ် အရွယ် အမျိုးသမီးတစ်ဦး၊

(၁၀) မောက်မယ်မြို့နယ်ဆေးရုံမှ (၄၄) နှစ် အရွယ် အမျိုးသားတစ်ဦး၊

(၁၁) မောက်မယ်မြို့နယ်ဆေးရုံမှ (၄၄) နှစ် အရွယ် အမျိုးသမီးတစ်ဦး၊

(၁၂) မောက်မယ်မြို့နယ်ဆေးရုံမှ (၁၉) နှစ် အရွယ် အမျိုးသမီးတစ်ဦးနှင့်

(၁၃) မောက်မယ်မြို့နယ်ဆေးရုံမှ (၁၆) နှစ် အရွယ် အမျိုးသမီးတစ်ဦး စုစုပေါင်း လူနာ(၁၃)ဦးတို့၏ ဓာတ်ခွဲအဖြေများတွင် 2019 Novel Coronavirus ဗိုင်းရပ်(စ်)ရောဂါပိုး မရှိပါကြောင်း (မရှိကြောင်း)ကို (၁၄-၂-၂၀၂၀) ရက်နေ့၊ ညပိုင်း၌ ရည်ညွှန်းဓာတ်ခွဲခန်းမှ ပြန်ကြား လာခဲ့ပါသည်။

၃။ သက်ဆိုင်ရာဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှုခံယူနေသော ကျန်လူနာများ၏ဓါတ်ခွဲ စစ်ဆေးမှု အဖြေသတင်းများရရှိပါက ဆက်လက် ထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။

Ref; Ministry of Health and Sports, Myanmar