ထေရဝါဒဗုဒ္ဓဘာသာဝင်တို့၏ ရည်မှန်းတောင့်တရာဖြစ်သော ထာဝရငြိမ်းချမ်းရေးဖြစ်သည့် မြတ်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ရေး နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး ထာဝရငြိမ်းချမ်းရေးရရှိရေးတို့ကို ရည်သန်၍ ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက အမှူးပြုသော ဘုရားဒါယကာ၊ ဒါယိကာမများနှင့် (၇) ရက်သားသမီး အလှူရှင်များ၏ ပေါင်းစုကောင်းမှုဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရာဇသင်္ဂဟလမ်း၊ ကံ့ကော်ပန်းအဝိုင်းအနီးတွင် ထာဝရငြိမ်းချမ်းရေး စေတီတော်ကို အနန္တရာယိက မြေသန့်မဟာမင်္ဂလာအခမ်းအနားမှ အစပြု၍ အထက်ဌာပနာတော်သွင်း၊ ရွှေထီးတော်တင်၊ မြသပိတ်၊ ရွှေကြာသင်္ကန်းတော်ကပ်နှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားအထိ မဟာမင်္ဂလာအခမ်းအနား (၉) မျိုးဖြင့် တည်ထားကိုးကွယ်လျက် ရှိပါသည်။
ယခုအခါ မြန်မာနိုင်ငံအတွင်းရှိ ဘုရား၊ စေတီများတွင် လှူဒါန်းခင်းကျင်းထားခြင်းမရှိသေးသည့် စကျင်တာရာဇိုအား ထာဝရ ငြိမ်းချမ်းရေးစေတီတော် ရင်ပြင်တော်၌ ခင်းကျင်းလှူဒါန်းသွားမည်ဖြစ်ရာ ၁၀ ပေပတ်လည် တစ်ကွက်လျှင် ငွေကျပ် ၈၀၀၀၀၀ နှုန်းဖြင့် အောက်ဖော်ပြပါနေရာများသို့ ကုသိုလ်ယူဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ အသိပေး နှိုးဆော်အပ်ပါသည်-