မူဆယ် ဖေဖော်ဝါရီ ၁၅
တရုတ်နိုင်ငံတွင် ဖြစ်ပွားသည့် ကိုရိုနာဗိုင်းရပ်စ် (CovID-19) ကြိုတင် ကာကွယ်မှုနှင့် ပတ်သက်ပြီး မူဆယ်ခရိုင် ခရိုင်အုပ်ချုပ်ရေး မှူး ဦးလှိုင် စိုးသန့် ဦးဆောင်သည့် ဌာနဆိုင်ရာ များနှင့် ရွှေလီမြို့ ဒုတိယမြို့တော်ဝန် မစ္စတာ လီချီကွေ့ ဦးဆောင်သည့် တာဝန် ရှိသူတို့က လက်ရှိတရုတ်နိုင်ငံ၌ ဖြစ်ပွားသည့် ကိုရိုနာဗိုင်းရပ်စ် (covID-19) ကူးစက်ခံရမှုအခြေ အနေများနှင့် သေဆုံးမှုအခြေ အနေများ၊ နယ်စပ်ဒေသတွင် ကြိုတင် ကာကွယ်မှု ဆောင်ရွက်နေသည့် အခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်တွင် နှစ်နိုင်ငံ ဝိုင်းဝန်းပူးပေါင်း၍ ကြိုတင်ကာကွယ်မှုများ ဆက်လက်ဆောင်ရွက်မှုတို့ကို ဖေဖော်ဝါရီ ၁၄ ရက် မွန်းလွဲ ၂ နာရီက နှစ်နိုင်ငံ အဝင်အထွက် (နန်းတော်ဂိတ်) ချစ်ကြည်ရေးစင်တာ အစည်းအဝေး ခန်းမ၌ အလွတ်သဘော တွေ့ဆုံ ဆွေးနွေးသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် တရုတ်နိုင်ငံ ရွှေလီမြို့ ဒုတိယမြို့တော်ဝန်မစ္စတာ လီချီကွေ့က တယ်ဟုန် ပြည်နယ် အစိုးရ တာဝန်ပေး ချက်အရ ကိုရိုနာဗိုင်းရပ်စ်(covID-19) နှင့် ပတ်သက်ပြီး ရွှေလီမြို့နှင့် ကျယ်ဂေါင်တို့တွင် ကြိုတင်ကာကွယ် မှုဆောင်ရွက်သည့် အခြေအနေများ၊ ကိုရိုနာဗိုင်းရပ်စ် (CoVID-19)ကြောင့် လူစည်ကားရာနေရာများကို ယာယီပိတ်ပင်ထားကြောင်း၊ တရုတ် နိုင်ငံဘက်တွင် အလုပ်လုပ်ကိုင်ကြသည့် မြန်မာပြောင်းရွှေ့ အလုပ်သမားများထဲမှ မြန်မာနိုင်ငံသို့ ပြန်လိုသူများကို ကူညီ ဆောင်ရွက်ပေးကြောင်း၊ ကြိုတင်ကာကွယ်ရန်နှင့် ကျန်းမာရေး စစ်ဆေးမှု လိုအပ်ချက်များကြောင့် နှစ်နိုင်ငံ ကုန်သွယ်စီးဆင်းမှု ထိခိုက်နစ်နာရသည့်အပေါ် နားလည် ပေးစေလိုကြောင်း၊ ဖေဖော်ဝါရီ ၂၃ ရက် နောက်ပိုင်း ကုန်သွယ်ရေး လမ်းကြောင်းများ ပြန်လည်ဖွင့်လှစ် နိုင်တော့မည်ဖြစ်ကြောင်း၊ လက်ရှိတွင် ကုန်တင်ယာဉ် ၂၀၀ ခန့်ဖြင့် ကုန်သွယ်စီးဆင်းမှု လည်ပတ်နေပြီး ကိုရိုနာဗိုင်းရပ်စ် (CoVID-19)ကြောင့် ပြည်သူများ လာရောက်ဝယ်ယူမှု နည်းပါကြောင်း၊ ရွှေလီမြို့ရှိ စက်ရုံများကိုလည်း ဖေဖော်ဝါရီ လကုန်ပိုင်းတွင် ပြန်လည်ဖွင့်လှစ် နိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း၊ မူဆယ်မြို့ နယ်စပ်ဒေသတွင် သံသယလူနာတွေ့ရှိပါက တရုတ် နိုင်ငံ မန်စီမြို့သို့ လာရောက်ပြီး ဆေးစစ်နိုင်ကြောင်း၊ ကိုရိုနာ ဗိုင်းရပ်စ်(COVID-19) ကူးစက်မှု ရှိ၊ မရှိ သွေးဖောက်စစ်ဆေးနိုင်သော စက်ကိရိယာများကို အစုံအလင် တပ်ဆင်ထားပြီ ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံ ဝိုင်းဝန်းပူးပေါင်း ပြီး နယ်စပ်ဒေသတွင် ကြိုတင်ကာကွယ် မှုများကို ဆက်လက်လုပ်ဆောင်ရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်ပြီး မူဆယ်ခရိုင်ခရိုင် အုပ်ချုပ်ရေးမှူးက မူဆယ်မြို့တွင် ဌာနဆိုင်ရာများနှင့် ပရဟိတအသင်း အဖွဲ့တို့ ဝိုင်းဝန်းပူးပေါင်း ၍ ကြိုတင် ကာကွယ်မှုများကို အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ကမ်းစာစောင်များ၊ အသိပညာပေး လုပ်ငန်းများနှင့် နှာခေါင်းစည်းများကို ပြည်သူလူထု များထံ အခမဲ့ဖြန့်ဝေမှုများ ဆောင်ရွက်လျက်ရှိကြောင်း၊ ကြိုတင်ကာကွယ်မှု များကို ကြာရှည်ဆောင် ရွက်မည်ဖြစ်သည့်အတွက် ဌာနဆိုင်ရာများနှင့် ပရဟိတအသင်းအဖွဲ့များပါဝင်သည့် အဖွဲ့အစည်းတစ်ခု သီးသန့်ဖွဲ့စည်းပြီး ဆောင်ရွက်လျက် ရှိကြောင်း၊ သံသယရှိသည့် လူနာ တွေ့ရှိပါက တရုတ်နိုင်ငံ မန်စီမြို့သို့ ဆေးစစ်နိုင်ရန် ကျန်းမာရေးဝန်ထမ်း များနှင့် ပြည်သူလူထုများထံ သတင်းဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း၊ ကြိုတင်ကာကွယ်မှုများကို ဝိုင်းဝန်းပူးပေါင်းပြီး ဆောင်ရွက်ပေးသည့်အတွက် ဝမ်းမြောက်ကြောင်းနှင့် ကိုရိုနာဗိုင်းရပ်စ် (covID-19)ကို အောင်မြင်စွာ ကျော်ဖြတ်ပြီး စီးပွားရေးအခြေအနေများ အချိန်တိုအတွင်း ပြန်လည်ကောင်းမွန်လာမည်ဟု ယုံကြည် မျှော်လင့်ကြောင်း ဆွေးနွေးပြောကြား သည်။
ထို့နောက် တက်ရောက်လာသူ များက ကိုရိုနာဗိုင်းရပ်စ်(CoVID-19)ရောဂါအခြေအနေများ၊ ကိုရိုနာ ဗိုင်းရပ်စ် (covID-19) ကူးစက် ခံရပါက အချက်ပြမည့် ရောဂါလက္ခဏာ အခြေအနေများ၊ ကူးစက်ခံရခြင်းမှ ကြိုတင်ကာကွယ်ရမည့် အခြေအနေများ၊ နှစ်နိုင်ငံ ကုန်သွယ်ရေးအခြေအနေများ၊ နှစ်နိုင်ငံ ဝိုင်းဝန်းပူးပေါင်း၍ ကြိုတင်ကာကွယ်မှုများ ဆက်လက် လုပ်ဆောင်ရွက်ရမည့် အကြောင်း အရာများနှင့် အခြားနယ်စပ် အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)