မုံရွာ ဖေဖော်ဝါရီ ၁၆
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် တိုင်း၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ ယမန်နေ့ ညနေ ၅ နာရီက ကသာခရိုင်၊ ထီးချိုင့်မြို့နယ် မောင်းကုန်းစံပြကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သော နှစ်ထပ်ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲနှင့် ကျန်းမာရေးဆေးခန်း အပ်နှံ လှူဒါန်းပွဲအခမ်းအနားများသို့ တက်ရောက်အမှာစကားပြောကြားခဲ့သည်။
ရှေးဉီးစွာ နှစ်ထပ်ကျောင်းသံလွင်ဆောင်သစ်အား တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်မော်၊ အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဟန်၊ စစ်ကိုင်းတိုင်းဒေသကြီး ပညာရေးမှူး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးမြင့်ထွန်း၊ ကသာခရိုင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးတင့်ဝေသုံ၊ ကျောင်းဆောင်သစ် အလှူရှင် ဂရိတ်ဝေါ(လ်) ဝေမာကုမ္ပဏီ လီမိတက် မန်နေးဂျင်း ဒါရိုက်တာ ဦးတင်မောင်၊ မောင်းကုန်းရပ်မိရပ်ဖ ကိုယ်စားလှယ် ဦးသိန်းနှင့် ဦးမြင့်သန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက နှစ်ထပ်ကျောင်း သံလွင်ဆောင်သစ်ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ ကဗ္ဗည်းမော်ကွန်း ကျောက်စာတိုင်အား အမွှေးနံ့သာရည်များပက်ဖျန်းပေးကြပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ထို့နောက် ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေဖို့ တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့သည့် အလှူရှင်များကို ဒေသခံပြည်သူများကိုယ်စား လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်းနှင့် တိုင်းပြည်အကျိုးကို ဆထက်ထမ်းပိုးဆောင်ရွက်နိုင်ကြပါ စေကြောင်း ” ပြောကြားသည်။
ယင်းနောက် အလှူရှင် ဂရိတ်ဝေါ(လ်)ဝေမာကုမ္ပဏီ လီမိတက် မန်နေးဂျင်း ဒါရိုက်တာ ဦးတင်မောင်နှင့် မောင်းကုန်းကျေးရွာကိုယ်စား ရပ်မိရပ်ဖ ဦးစိုးနိုင်တို့က ကျောင်းဆောင်သစ် နှင့် ပရိဘောဂပစ္စည်းများကို ပညာရေးဌာနသို့ လှူဒါန်းလွှဲပြောင်းပေးအပ်ရာ တိုင်းဒေသကြီး ပညာရေးမှူးမှ လက်ခံရယူပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊ မောင်းကုန်းကျေးရွာတာဝန်ခံ ဦးသန်းကျော်ဦးက မောင်းကုန်းကျေးရွာကိုယ်စား မောင်းကုန်းကျေးရွာလမ်းများပြုပြင်ခြင်းအတွက် စုစုပေါင်း ငွေကျပ် (၄၉၇)သိန်းကျော်ကိုလှူဒါန်းပေးသော အလှူရှင် ဦးတင်မောင်အား ဂုဏ်ပြုမှတ်တမ်းလွှာကို လည်းကောင်း အသီးသီး ပြန်လည်ပေးအပ်ခဲ့သည်။
ဆက်လက်၍ အလှူရှင် ဦးတင်မောင်နှင့် မောင်းကုန်းကျေးရွာ ရပ်မိရပ်ဖ ဦးကြည်တို့က ကျောင်းဆောင်သစ်ဆောက်လုပ်လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်များအား အသီးသီး ရှင်းလင်း ပြောကြားခဲ့ပြီး မောင်းကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှမြင့်က ကျေးရွာသူကျေးရွာသားများ ကိုယ်စား ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ နှစ်ထပ်ကျောင်းသံလွင်ဆောင်သည် (၁၄၀×၃၀) ပေရှိကာ မောင်းကုန်းကျေးရွာ ဆရာတော်ကြီး ဉူးက္ကုဿရိယ ၊ အလှူရှင် ဂရိတ်ဝေါ(လ်)ဝေမာကုမ္ပဏီ လီမိတက် မန်နေဂျင်း ဒါရိုက်တာ ဦးတင်မောင် နှင့် ကျေးရွာသူ ကျေးရွာသား၏ စုပေါင်းထည့်ဝင်ငွေ များဖြင့် ဆောက်လုပ်လှူဒါန်းခြင်းဖြစ်ကြောင်းသိရသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဂရိတ်ဝေါ(လ်) ကုမ္ပဏီ လီမိတက်က ထီးချိုင့်မြို့နယ် ကျန်းမာရေးဦးစီးဌာန မောင်းကုန်းကျေးလက် ကျန်းမာရေးဌာနသို့ အဆောက်အဦ၊ ဝန်ထမ်းအိမ်ယာနှင့် မြေနေရာ ပေးအပ်လှူဒါန်းပွဲသို့ တက်ရောက်ပြီး ကျေးလက်ကျန်းမာရေးဌာန အဆောက်အဦအား တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်မော်၊ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဟန်၊ စစ်ကိုင်းတိုင်းဒေသကြီး ပညာရေးမှူး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးမြင့်ထွန်း၊ ကသာခရိုင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးတင့်ဝေသုံ၊ ကျောင်းဆောင်သစ် အလှူရှင် ဂရိတ်ဝေါ(လ်) ဝေမာကုမ္ပဏီ လီမိတက် မန်နေးဂျင်း ဒါရိုက်တာ ဦးတင်မောင်၊ မောင်းကုန်းရပ်မိရပ်ဖ ကိုယ်စားလှယ် ဦးညိုမောင်နှင့် ဦကျော်နိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ ကျေးလက်ကျန်းမာရေးဆေးခန်း ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ ကဗ္ဗည်းမော်ကွန်းကျောက်စာတိုင်အား အမွှေးနံ့သာရည်များ ပတ်ဖျန်းပေးကြပြီး ဆေးခန်းအတွင်း လှည့်လည်ကြည့်ရှုခဲ့ကာ အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး အလှူရှင် ဦးတင်မောင်က ကျေးလက်ကျန်းမာရေးဆေးခန်း အဆောက်အဦမြေနေရာနှင့် သက်ဆိုင်သော စာရွက်စာတမ်း များကို တာဝန်ရှိသူထံသို့ လွှဲပြောင်းပေးအပ်သည်။
ယင်းနောက် အလှူရှင် ဦးတင်မောင်အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် မြတောင်(အ.ထ.က) ဘင်ခရာအဖွဲ့အား ဂုဏ်ပြုငွေများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်က အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်ပြီး အလှူရှင်က ဆေးခန်းအဆောက်အဦနှင့် မြေနေရာလှူဒါန်းပေးအပ်ရခြင်းအား ရှင်းလင်းပြောကြာပြီး ရပ်မိရပ်ဖ ဦးအေးမောင် မှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းကိုကို(ယင်းမာပင်)