Skip to main content

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် မြေဆီလွှာဓာတ်ခွဲခန်း(ပခုက္ကူ) တက်ရောက်ဖွင့်လှစ်ပေး

ပခုက္ကူ ဖေဖော်ဝါရီ ၁၇

စိုက်ပျိုးရေးဦးစီးဌာန၊ မြေဆီလွှာဓာတ်ခွဲခန်း(ပခုက္ကူ)ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ပခုက္ကူမြို့၊ အမှတ်(၁၁) ရက်ကွက်၊ ပခုက္ကူ-မြိုင်ကားလမ်းဘေးရှိ ဝါကြိတ်စက်ရုံဝန်းအတွင်း၌ ကျင်းပသည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက အဖွင့်အမှာစကားပြောကြားပြီး မကွေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးလင်းမြတ်က မြေဆီလွှာဓာတ်ခွဲခန်း (ပခုက္ကူ) ဖွင့်လှစ်နိုင်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်နီနီဝင်းတို့က မြေဆီလွှာဓာတ်ခွဲခန်း (ပခုက္ကူ)ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြေဆီလွှာဓာတ်ခွဲခန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ မကွေးတိုင်းဒေသကြီးအတွင်း မကွေးမြို့တို့တွင် မြေဆီလွှာဓာတ်ခွဲခန်းဖွင့်လှစ်နိုင်ခဲ့ပြီး ပခုက္ကူရှိဓာတ်ခွဲခန်းကို ပခုက္ကူခရိုင်နှင့် ဂန့်ဂေါခရိုင်အတွင်းရှိ တောင်သူ လယ်သမားများ မြေ၊ ရေနှင့် ဓာတ်မြေဩဇာများ ဓာတ်ခွဲစမ်းသပ်နိုင်ရန် ဖွင့်လှစ် ပေးခြင်းဖြစ်ကြောင်း သိရသည်။

ကိုဇော်(ဓာတု)