မုဒုံ ဖေဖော်ဝါရီ ၁၇
မွန်ပြည်နယ် မုဒုံမြို့နယ် မြို့မ(၁)ရပ်ကွက်၊ မုဒုံကြီးရပ် “လူငယ်ရိပ်သာ” စာကြည့်တိုက် အုတ်မြစ်တော်စီမင်္ဂလာနှင့် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကျင်းပသည်။
အခမ်းအနားတွင် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ဇော်ဦး လူငယ်ရိပ်သာစာကြည့်တိုက်ကော်မတီ(နာယက) ဦးစိုးသန်းအေးတို့က မင်္ဂလာရွှေအုတ်၊ ငွေအုတ်၊ ပတ္တမြားအုတ်တို့ဖြင့် အုတ်မြစ်တော်စီပေးခဲ့ကြသည်။
ဆက်လက်၍ အလှူငွေပေးအပ်ပွဲအခမ်းအနားကို မုဒုံကြီးဆွမ်းလောင်းဓမ္မရုံ၌ကျင်းပခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် စာကြည့်တိုက်ကော်မတီ(နာယက) ဦးခင်မောင်ဦးက စာကြည့်တိုက်နှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး အလှူရှင်များလှူဒါန်းထားသော အလှူငွေများကိုပေးအပ်ကာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူသည်။ စာကြည့်တိုက်(နာယက) ဦးစိုးသန်းအေးက ကျေးဇူတင်စကား ပြန်လည်ပြောကြာပြီး စေတနာရှင်အလှူရှင်များက လှူဒါန်းကြသော အလှူငွေ စုစုပေါင်း (၁၀၇၈၂၀၀၀)ကျပ်ဖြစ်ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)