နေပြည်တော် ဖေဖော်ဝါရီ ၁၇
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများအားလုံး ပါဝင်သော စုံညီခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် ရုံးခန်း အမှတ်(၁)၌ ရုံးထိုင်၍ တရားမအထူးအယူခံမှု(၄)မှုကို စီရင်ချက် ချမှတ်သည်။ ထို့ပြင် တရားမအထူးအယူခံမှု(၆)မှုကို ရုံးထိုင်ကြားနာခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)