Skip to main content

မြန်မာ့အစဉ်အလာဓလေ့ကို ရှာဖွေဖော်ထုတ်ခြင်း သုတေသနစာတမ်းဖတ်ပွဲ ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၂ဝ

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက် ဦးစီးဌာနက ကြီးမှူး ကျင်းပသော “မြန်မာ့အစဉ်အလာ ဓလေ့ကို ရှာဖွေဖော်ထုတ်ခြင်း” သုတေသန စာတမ်းဖတ်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အမျိုးသားစာကြည့်တိုက် (နေပြည်တော်)ရှိ ဝန်ဇင်းမင်းရာဇာ ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မြန်မာသမိုင်းအဖွဲ့ ဥက္ကဋ္ဌ သူရဦးအောင်ကိုက “မြန်မာ့အစဉ် အလာဓလေ့ကို ရှာဖွေဖော်ထုတ်ခြင်း” သုတေသနစာတမ်းဖတ်ပွဲ ကျင်းပခြင်း ဖြင့် မြန်မာ့လူမှုဘဝကို ထင်ဟပ်နေ သည့် မြန်မာ့အစဉ်အလာဓလေ့ကို ရှာဖွေဖော်ထုတ်နိုင်မည် ဖြစ်ပါ ကြောင်း၊ နှစ်ပေါင်းထောင်ချီ ကြာမြင့် ခဲ့သည့် မြန်မာ့ယဉ်ကျေးမှုဓလေ့ကို ဂုဏ်မြှင့်တင်ပေးရာလည်းရောက်ကြောင်း၊ သမိုင်းကြောင်းအရ ကြီးကျယ်မြင့်မြတ်ပြီး ယဉ်ကျေးမှုအရ သိမ်မွေ့နူးညံ့ မြတ်နိုးစရာကောင်းသော မြန်မာ့အစဉ်အလာဓလေ့ကို ရှာဖွေ ဖော်ထုတ်လိုသည့်အတွက် ယခုလို ပြည်တွင်းဖိတ်ခေါ်စာတမ်းဖတ် ပွဲကြီးကို ကျင်းပခြင်းဖြစ်ပါကြောင်း၊ ယခုလို ဆောင်ရွက်ခြင်းအားဖြင့် မြန်မာ့လူမှုဓလေ့ သမိုင်းကြောင်းမှ ကွက်လပ်ဖြစ်နေသည်များကို ဖြည့် စွက်သွားနိုင်မည်ဖြစ်ကြောင်း၊ ပညာရှင် သုတေသီများ၏ အတွေ့အကြုံ၊ ဗဟု သုတ၊ ပညာရပ်ဆိုင်ရာများကို ဖလှယ် ခြင်းအားဖြင့်လည်း ပိုမိုကျယ်ဝန်းသည့် ပညာရပ်နယ်ပယ်တစ်ခု ပေါ်ထွက် လာနိုင်မည်ဖြစ်ပြီး မြန်မာ့ဓလေ့သမိုင်း ကို အထောက်အကူပြုမည့် အတွေး အမြင်သစ်များ၊ အယူအဆသစ်များဖြင့် သမိုင်းစာပေ၊ သမိုင်းပညာရှင်များ ပေါ်ထွန်းလာနိုင်မည်ဖြစ်ကြောင်း။

ယနေ့အခမ်းအနားသို့ တက်ရောက် လာကြသည့် အသက်အရွယ် ကြီးရင့် ခြင်းနှင့်အတူ ပညာရပ်ဆိုင်ရာတွင် လည်း မြင့်မားနေသည့် မြန်မာသမိုင်း အဖွဲ့ဝင် ဆရာကြီး ဆရာမကြီးများ သည် သမိုင်းတာဝန် ကျေပွန်အောင် ဆောင်ရွက်နေကြပါကြောင်း၊ ယခုလည်း ဆောင်ရွက်နေဆဲဖြစ်ပြီး နောင်လည်း ဆောင်ရွက်ကြမည် ဖြစ်ပါကြောင်း၊ မျိုးဆက်သစ်များ ကလည်း မိမိတို့၏တာဝန်ကို ကျေပွန် အောင် ယခုထက် ကြိုးစားဆောင် ရွက်ရန် လိုအပ်လာပြီဖြစ်ကြောင်း၊ စာတမ်းများတွင်လည်း သုတေသန လေ့လာတွေ့ရှိချက် အမှန်များ၊ အတွေးသစ် အမြင်သစ်များပါရန် လိုအပ်လာပြီဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့ကျင်းပသည့် စာတမ်းဖတ်ပွဲမှ မြန်မာ့အစဉ်အလာဓလေ့ကို အသိ သစ်၊ အမြင်သစ်၊ အတွေးသစ်များဖြင့် ဖတ်ကြား တင်သွင်းသွားမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

စာတမ်းဖတ်ပွဲ၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့မှ စာတမ်းရှင်ခုနစ်ဦး တို့က သုတေသနစာတမ်းများကို ဖတ်ကြားခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်