Skip to main content

ဝမ်းတွင်းမြို့နယ်အတွင်းရှိ သဲတော-ရိုးစုံတံတားသစ်ဖွင့်ပွဲ အခမ်းအနားအား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်ပေးဝမ်းတွင်း ဖေဖော်ဝါရီ ၂၃ မန္တလေးတိုင်းဒေသကြီး၊ ခေတ္တဝန်ကြီးချုပ်နှင့် အဖွဲ့သည် မိထ္တီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတ

ဝမ်းတွင်း ဖေဖော်ဝါရီ ၂၃

မန္တလေးတိုင်းဒေသကြီး၊ ခေတ္တဝန်ကြီးချုပ်နှင့် အဖွဲ့သည် မိထ္တီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ သဲတောရိုးစုံ တံတားသစ်အား ၂၀၂၀ ပြည့်နှစ် ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သဲတော-ရိုးစုံတံတားအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ဦးဇာနီအောင်၊ တိုင်းဒေသကြီး သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်၊ တိုင်းဒေသကြီး လူဝန်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးအောင်ကြည်၊ တိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးစိုင်းပန်ဆိုင်က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့သည်။ သဲတော-ရိုးစုံတံတားသည် သံကူကွန်ကရစ်ယက္မ၊ သံကူကွန်ကရစ်ကြမ်းခင်းအမျိုးအစားဖြစ်ပြီး တံတားအရှည်(၂၄၀)ပေ၊ အကျယ်(၆၀)ပေရှိပြီး ယာဉ်သွားလမ်း အကျယ် (၂၄) ပေ၊ လူသွားလမ်းအကျယ် (၃) ပေ နှစ်ဖက်ပါရှိပြီး ၂၀၁၈-၂၀၁၉၊ တိုင်းဒေသကြီးသဘာဝဘေး ရန်ပုံငွေကျပ် (၆၀၅.၀၀)သန်း အကုန်ကျခံကာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားအထူးအဖွဲ့(၄)မှ တာဝန်ယူ တည်ဆောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တံတားကြီးဖွင့်လှစ်ပေးနိုင်ခြင်းဖြင့် ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် လမ်းပန်း ဆက်သွယ်မှုကောင်းမွန်လာပြီး ကုန်စည်စီးဆင်းမှုမြန်ဆန်ကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမို ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး မန္တလေးတိုင်းဒေသကြီး၊ ခေတ္တဝန်ကြီးချုပ်နှင့် အဖွဲ့သည် ခင်ဘန်း-ဆူးပန်းလမ်းပေါ်ရှိ ဆူးပန်းတံတား (စမုံချောင်း) သံကူကွန်ကရစ်ယက္မနှင့် သံကူကွန်ကရစ်ကြမ်းခင်းတံတားအရှည် (၂၇၀) ပေ၊ အကျယ်(၂၀)ပေ ဖွင့်လှစ်ခြင်းနှင့် ဂုဏ်ရွာကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်း အခမ်းအနားတို့အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ပြီး ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ နှုတ်ဆက်စကားပြောကြားခဲ့ကြောင်း သိရသည်။

ဌေးလှိုင်(ဝမ်းတွင်း)