Skip to main content

ကော့သောင်းမြို့တွင် အသက်၁၈ နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ကော့သောင်း အောက်တိုဘာ ၁၆

 

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် ကိုဗစ်၁၉ကာကွယ်ဆေး Sinopharm အားအသက်၁၈နှစ် အထက်ပြည်သူများအား ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက  ဆေးထိုးစုရပ်အသီးသီး၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကော့သောင်းခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ကော့သောင်းမြို့၊ အမှတ်(၁၃) ကုတင်(၁၀၀)တပ်မတော်ဆေးတပ်ဖွဲ့များ၊ အခြေချစစ်ဗျူဟာအဖွဲ့ (ကော့သောင်း)မှ ဆေးတပ်ဖွဲ့များ ၊မြို့နယ် ပြည်သူ့ ကျန်းမာရေးဌာန ကျန်းမာရေး ဝန်ထမ်းများက ဆေးထိုးအဖွဲ့(၃)ဖွဲ့ခွဲကာ တစ်ပြိုင်နက် ပူးပေါင်းထိုးနှံပေးခြင်းဖြစ်သည်။

 

ကော့သောင်းမြို့နယ်အနေဖြင့် ၂၀၂၁ခုနှစ်၊ ဇွန်လအတွင်းက ပထမအကြိမ်အဖြစ် သံဃာတော်နှင့် သီလရှင်များ၊ သက်ကြီး ရွယ်အိုများ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် အသက်(၁၈)နှစ်နှင့်အထက် မြို့နေပြည်သူများ အပါအဝင် လူဦး ရေစုစုပေါင်း(၅၄၂၅) ဦးအား အိန္ဒိယနိုင်ငံထုတ်COVISHIELD ကာကွယ်ဆေး(၂)ကြိမ်စီ အကြိမ်ပြည့် ထိုးနှံပေးခဲ့ပြီး ယခု တရုတ်နိုင်ငံထုတ် ကိုဗစ်၁၉ရောဂါကာကွယ်ဆေး  Sinopharm ဖြင့် အောက်တိုဘာလ ၁၅ ရက်နေ့အထိ လူဦးရေ(၃၀၀၀၀) ကျော်ခန့်ကို  ကာကွယ်ဆေး(၁)ကြိမ်စီ ထိုးနှံပေးခဲ့ပြီး ဖြစ်သည်။

 

ကာကွယ်ဆေးထိုးနှံရာတွင် ဆေးထိုးရန်စာရင်းပေးထားသည့်မြို့နေ့ပြည်သူမည်သူ့ကိုမဆို ထိုးနှံ ပေးခြင်းဖြစ်ပြီး မြို့ပေါ် ရပ်ကွက် နှင့်ကျေးရွာများအထိ  သတ်မှတ်ရက်များအလိုက် ဆေးထိုးအဖွဲ့များဖြင့် ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ပြီး ယနေ့ ကာကွယ် ဆေးထိုးနှံမှုအဖြစ် သီရိမြိုင်ရပ်ကွက်ပြည်သူများနှင့်ကော့သောင်းမြို့ပေါ်ရှိဈေးများအတွင်းမှ ဈေးသည်များအပါအဝင် အသက် ၁၈ နှစ်အထက်မည်သူကိုမဆိုထိုးနှံပေးကြခြင်းဖြစ်ကြောင်းသိရသည်။

 

ကျော်စိုး (ကော့သောင်း)