ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ အောက်တိုဘာ ၁၆ ရက်တွင် ဓာတ်ခွဲအတည်ပြု လူန၁သစ် ၁၂၀၅ ဦးတွေ့ရှိပြီး ပိုးတွေ့ရာခိုင်နှုန်း ၆ ဒသမ ၈ ရာခိုင်နှုန်း၊ အောက်တို ဘာ ၁၈ ရက်တွင် ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၀၂ ဦးတွေ့ရှိပြီး ရောဂါပိုးတွေ့ ရာခိုင်နှုန်း ၆ ဒသမ၂၁ ရာခိုင် နှုန်းနှင့် အောက်တိုဘာ ၂၁ ရက်တွင် ဓာတ်ခွဲအတည် ပြုလူနာသစ် ၆၈၃ ဦးတွေ့ရှိပြီး ရောဂါ ပိုးတွေ့ရာခိုင်နှုန်း ၄ ဒသမ ၉၅ ရာခိုင်နှုန်း တွေ့ရှိခဲ့သည်။
ယခုရက်သတ္တပတ်အတွင်း ဓာတ်ခွဲအတည်ပြုလူနာသစ် နေ့စဉ်ထောင်ဂဏန်းမှ ယခုအခါ ရာ ဂဏန်းသို့ ကျဆင်းလာခဲ့သဖြင့် ရောဂါပိုးတွေ့ ရာခိုင်နှုန်းလည်း ကျဆင်းလာပြီး မျှော်မှန်း ထားသည့် ပိုးတွေ့ရာခိုင်နှုန်း ငါးရာခိုင်နှုန်းအောက်သို့ ရောက်ရှိလာပြီဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှုနှုန်းသည် အောက်တိုဘာ ၂၁ ရက်တွင် ၂၁ ဦးရှိသည်။ ကိုဗစ် -၁၉ ရောဂါဖြစ်ပွားမှု အခြေအနေသည် ကျဆင်းသည့်ဘက်သို့ရောက်ရှိလာရာ မကြာမီကာလတွင် မြန်မာနိုင်ငံတစ်ဝန်း၌ ပုံမှန်အခြေအနေသို့ ရောက်ရှိတော့မည်ဖြစ်သည်။ လက်ရှိ အနေအထား တွင် ကိုဗစ်ရောဂါနှင့်ပတ်သက်၍အကောင်းဘက်သို့ဦးတည်လျက်ရှိရာ မြို့ကြီးများ၌ ရောဂါ ဖြစ်ပွားမှုကျဆင်းနေသော်လည်း အချို့နယ်မြို့များတွင် ကျဆင်းခြင်းမရှိသေးပေ။ ထိုဒေသ များကို အလေးထားဆောင်ရွက်ပေးပြီးလျှင် ကိုဗစ်-၁၉ ရောဂါ သိသာစွာကျဆင်း သွားမည် ဖြစ်သည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါပထမလှိုင်းဖြစ်ပွားပြီးနောက် ဒုတိယလှိုင်း တွင် နိုင်ငံသူ နိုင်ငံ သားများကြား၌ စိုးရိမ်ဖွယ်ရာအနေအထား ဖြစ်ပေါ်ခဲ့ပြီး ကိုဗစ်တတိယလှိုင်းဖြစ်ပွားသည့် ပြီးခဲ့ သောဇူလိုင်လအထိ မြန်မာနိုင်ငံ၌ အလွန်ဆိုးရွားသောအခြေအနေဖြစ်ပေါ်လာသည်ကို တွေ့ရ မည်ဖြစ်သည်။ မှတ်တမ်းများအရ အလွန်ဆိုးရွားသောအခြေအနေဖြစ်ပေါ်ခဲ့ရခြင်းသည် ရွေးကောက်ပွဲအကြို ကာလ၊ ရွေးကောက်ပွဲလွန်ကာလနှင့် နိုင်ငံရေးအကျပ်အတည်းများ ဖြေရှင်းနေရ သည့်ကာလများဖြစ်ရာ ဆေးဝါးမပြည့်စုံမှု၊ ပစ္စည်းများမစုံလင်မှု၊ ကျန်းမာရေး ဝန်ထမ်းများမပြည့်စုံမှု၊ ဆေးရုံများမဖွင့်လှစ်နိုင်မှု စသည့်စိန်ခေါ်မှုများစွာရှိသဖြင့် အခက်အခဲ များစွာ ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။
သို့သော်လည်း နိုင်ငံတော်ပိုင်းဆိုင်ရာ တာဝန်ရှိသူများက စနစ်တကျ ကြပ်မတ်စီမံ ဆောင်ရွက် ပေးနိုင်မှု၊ ကျန်းမာရေးဝန်ထမ်းနှင့်စေတနာ့ဝန်ထမ်းများက အခက်အခဲများကြား၊ ရှိသမျှ အင်အားများကြားမှ အစွမ်းကုန်စေတနာထားဆောင်ရွက်ပေးနိုင်မှုများနှင့် ပြည်သူများ၏ တာဝန်သိသိ၊ တက်တက်ကြွကြွ ပူးပေါင်းပါဝင်ဆောင်ရွက်လာမှုများကြောင့် ရောဂါဖြစ်ပွားနှုန်း သည် ရှစ်ရာခိုင်နှုန်းမှ ငါးရာခိုင်နှုန်းအောက်သို့ ကျဆင်းလာပြီဖြစ်သည်။ ဤသို့အောင်မြင်မှု ရသည်မှာ အားလုံးပူးပေါင်းဆောင်ရွက်နိုင်ခြင်း အကျိုးရလဒ်ဖြစ်ပြီး အထူးသဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးကို အလျဉ်မီအောင် ထိုးပေးနိုင်ခြင်းနှင့် ပြည်သူများကလည်း နိုးကြားတက်ကြွစွာ ပါဝင်ထိုးနှံလာခြင်းကြောင့်ဖြစ်သည်။ ယခုနှစ်ကုန်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနှုန်း သုံးရာခိုင် နှုန်းအထိ ကျဆင်းသွားရေးအတွက် နိုင်ငံတော်အစိုးရက ပြည်သူများနှင့်လက်တွဲ၍ ကြိုးပမ်း ဆောင်ရွက်နေသည်။
ကိုဗစ်-၁၉ ရောဂါသည် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ရင်ဆိုင်ကြုံတွေ့ နေရခြင်းဖြစ်ပြီး ရောဂါ၏ နောက်ဆက်တွဲ လူမှုရေး၊ စီးပွားရေးဆိုးကျိုးများကို ရင်ဆိုင်ကြုံတွေ့နေရသည်။ မြန်မာ နိုင်ငံအနေဖြင့်မူ ကိုဗစ်-၁၉ ရောဂါဒဏ်အပြင် အကြမ်းဖက်အဖျက်သမား နှောင့်ယှက်မှု အန္တရာယ်ကိုပါ ထပ်ဆင့်ကြုံတွေ့နေ သော်လည်း ယခုအခါ နိုင်ငံတော်အစိုးရက တားဆီး ကာကွယ်၊ ထိန်းချုပ်လာနိုင်မှုကြောင့် အကြမ်းဖက်သမားအန္တရာယ်များ အတော်လျော့ပါးပြီး ရံဖန်ရံခါသာ ဖြစ်ပေါ်တော့သည်ကို တွေ့ရမည်ဖြစ်သည်။ သို့သော် တိုင်းပြည်ကို ပျက်စီးစေ လိုသော ပြည်တွင်းမှ ပုဆိန်ရိုးများနှင့် ပြည်ပမှ နယ်ချဲ့လက်သစ်များ၏ ဖိအားပေး အကျပ် ကိုင်မှုများနှင့် ကြုံတွေ့နေရသည်ကို တွေ့ရမည်ဖြစ်သည်။
မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံသူ နိုင်ငံသားများသည် မည်သည့်နိုင်ငံ၊ လူမျိုး နှင့်မှမတူသည့် ထူးခြားသည့်ဝိသေသများကို ပိုင်ဆိုင်ထားကြသော တိုင်းပြည်နှင့် လူမျိုးဖြစ်သည်။ မြန်မာ နိုင်ငံအား မည်မျှပင် နှောင့်ယှက်ဖျက်ဆီး ဟန့်တားပိတ်ဆို့ အကျပ်ကိုင်သော်လည်း အညံ့မခံ အရှုံးမပေးဘဲ ကိုယ့်ခွန်ကိုယ့်အားဖြင့် ကိုယ့် ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်သော လူမျိုးဖြစ ပေသည်။ မည်သူ့လက်ဝေခံ၊ မည်သူ့လက်အောက်ခံသို့မှ အရောက်မခံသောနိုင်ငံဖြစ်သည်။ ယခု ကိုဗစ်-၁၉ ကိုကျော်လွှားရာ၌လည်း ရှိသည့်အင်အားစွမ်းပကားများဖြင့် အတတ်နိုင်ဆုံး ရုန်းကန် တွန်းလှန်ကျော်လွှားလျက်ရှိသည်။ နောင်တွေ့ကြုံလာနိုင်မည့် စိန်ခေါ်မှု မှန်သမျှကိုလည်း စုပေါင်းအင်အားဖြင့် ကျော်လွှားသွားမည်သာဖြစ်ပါကြောင်း။ ။
ကြေးမုံ အယ်ဒီတာ့အာဘော်