ရန်ကုန် အောက်တိုဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့တော်အတွင်း လူသွားစင်္ကြံလမ်းများ တိုးချဲ့ခင်းကျင်း နေမှုနှင့် မြို့ပြသန့်ရှင်း သာယာ ရေး ဆောင်ရွက်နေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြား ဖြည့် ဆည်းဆောင် ရွက်ပေးသည်။ ။
မြို့တော်ဝန်နှင့် အဖွဲ့သည် နံနက် ၇ နာရီတွင် ကမာရွတ်မြို့နယ် ဗဟိုလမ်းရှိ နာနတ်တော စည်ပင်သာယာရဲတပ်ဖွဲ့ လိုင်းခန်းသို့ ရောက်ရှိပြီး ရွေ့လျားဈေးကား (Mobile Market) စနစ်ဖြင့် ကုန်စိမ်းများ၊ မီးဖိုချောင်သုံး ကုန်ခြောက်မျိုးစုံ၊ အသားမျိုးစုံနှင့် ငါး/ပုစွန်အမျိုးမျိုး ရောင်းချပေး နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် မြို့တော်ဝန်နှင့် အဖွဲ့သည် ဒေါပုံမြို့နယ် စက်ရုံလမ်း သာကေတတံတားဟောင်း အဆင်းမှ ဒေါပုံကော်ဇောစက်ရုံ၊ ၎င်းမှ မင်းနန္ဒာလမ်း ရွှေပုဇွန် မုန့်တိုက်အထိ အရှည်ပေ ၃၀၀၀ လူသွားစင်္ကြံ စက်ဘီးစီးလမ်း ခင်းကျင်းနေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက် ပေးသည်။
ယခုအခါ အဆိုပါ လူသွားစင်္ကြံလမ်းနှင့် စက်ဘီးစီးလမ်း ခင်းကျင်းနေမှု ၅၀ ရာခိုင်နှုန်း ပြီးစီးနေ ပြီဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ မြို့တော်ဝန်နှင့် အဖွဲ့သည် သာကေတမြို့နယ် သန်လျင်တံတား ချဉ်းကပ်လမ်းမ ကြီးအား သာလ္လာဝတီ လမ်းမှ သာကေတအဝိုင်းထိပေ ၁၁၅၀၊ခြောက်လမ်းသွားရရှိအောင် လမ်း သားတိုးချဲ့ ကွန်ကရစ်ခင်း ကျင်းနေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးနှင့် စံချိန်စံညွှန်းမီဆောင်ရွက်ရေး မှာကြားသည်။
ယင်းနောက် မြို့တော်ဝန်နှင့် အဖွဲ့သည် လသာမြို့နယ် ဗိုလ်ချုပ် အောင်ဆန်းလမ်းမကြီး၊ လမ်းမ တော်လမ်းမှ ရွှေတိဂုံ ဘုရားလမ်းထိ ရေမြောင်းများ ဆယ်ယူ ရှင်းလင်းနေမှု၊ ရေမြောင်း နှာပေါက်များအတွင်းမှ သဲ၊ ခဲ၊ များ ရှင်းလင်း ဆောင်ရွက်နေမှု၊ လျှပ်စစ်မီးကြိုးနှင့် မလွတ်ကင်း သည့်အပင်အကိုင်းအခက်များနှင့် လမ်းပေါ်တွဲလောင်းကျနေသည့် အကိုင်းခက်များ ခုတ်ထွင် ရှင်းလင်းနေမှုတို့ကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်